၂၀၂၁ခုနှစ် အောက်တိုဘာ(၁၉) ရက် နှင့် (၂၀)ရက်နေ့တို့တွင် AEON Customer Service Hotline ဝန်ဆောင်မှုအား ခေတ္တရပ်နားထားမည်ဖြစ်ပြီး အောက်တိုဘာ (၂၁) ရက်နေ့တွင် ပုံမှန်ရုံးချိန်အတွင်း ပြန်လည်ဆက်သွယ်နိုင်မည်ဖြစ်ကြောင်း လေးစားစွာဖြင့်အသိပေးအကြောင်းကြားပါသည်။ တစ်စုံတစ်ရာ စုံစမ်းမေးမြန်းလိုပါက AEON Mobile Application ၏ Contact Us Function မှ တဆင့် Message ချန်ထားခြင်းဖြင့် စုံစမ်းမေးမြန်းနိုင်ပါသည်။ အများပြည်သူရုံးပိတ်ရက်ဖြစ်သောကြောင့် ပြန်လည်ဖြေကြားရာ၌နှောင့်နှေးမှုများရှိခဲ့ပါက ကြိုတင် အနူးအညွှတ်တောင်းပန်အပ်ပါသည်။
လစဉ်ချေးငွေပြန်လည်ပေးသွင်းထားပြီးကြောင်း သက်ဆိုင်ရာ Payment Channel များမှ ငွေလွှဲလက်ခံ (Slip, Screen Shot) လေးတွေကို မဖြစ်မနေ သိမ်းဆည်းထားဖို့လိုအပ်ပါတယ်။ အကယ်၍ အမှားအယွင်းတစ်စုံတစ်ရာ ရှိခဲ့မှသာ AEON မှ ဖုန်းဖြင့် တိုက်ရိုက်ဆက်သွယ်ပေးမည်ဖြစ်ပါတယ်။ ဒါကြောင့် ပေးသွင်းငွေ ရောက်မရောက်ကို စိတ်ပူစရာ မလိုတော့ဘူးနော်။
လတ်တလောတွင် AEON Microfinance Myanmar Facebook Page မှ Messenger Reply ဝန်ဆောင်မှုအတွက် အခက်အခဲ ရှိနေပါသဖြင့် AEON Mobile Application မှတဆင့် သိရှိလိုသည်ကို စာပို့မေးမြန်းနိုင်ပါသည်။
AEON Microfinance Myanmar Company မှ ဝန်ထမ်းများ၏ ကျန်းမာရေးနှင့် လုံခြုံစိတ်ချစွာ ဝန်ဆောင်မှုပေးနိုင်ရေးကိုအလေးထားသောအားဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံခြင်းကို ဝိတိုရိယ ဆေးရုံတွင် အစီအစဉ်တကျ အောင်မြင်စွာထိုးနှံခဲ့ပြီးဖြစ်ပါသည်။ထို့အပြင် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံခြင်းကိုလည်း သတ်မှတ်ရက်အတွင်း ထပ်မံထိုးနှံသွားမည်ဖြစ်ပါသည်။
ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် အဖက်ဖက်မှ ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသည့် တစ်ဦးခြင်းစီကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ မြန်မာပြည်သူပြည်သားများအားလုံး ကိုဗစ်-၁၉ကပ်ရောဂါကင်းစင်ပြီး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေကြောင်း AEON Microfinance Myanmar Company မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။
၂၈ ရက် စက်တင်ဘာလ ၂၀၂၁ မှစ၍ အီရွန်ကုမ္ပဏီ၏ Customer Service Hotline 09 969 712 111 ဝန်ဆောင်မှုကို ရုံးချိန်အတွင်း ပုံမှန်အတိုင်းပြန်လည်ဆက်သွယ်နိုင်ပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။
ထို့အပြင် AEON Mobile Application မှတစ်ဆင့် သိရှိလိုသည်များကို ဖုန်းဖြင့်လည်းကောင်း စာပို့ခြင်းဖြင့်လည်းကောင်း လွယ်ကူစွာ ဆက်သွယ်နိုင်ပါသည်။
AEON Mobile Application ကို လွယ်ကူစွာ Download ရယူနိုင်ပါတယ်။
Android Version –https://bit.ly/2KzbFEq
IOS Version –https://apple.co/2YUKGw3
အဆင်မပြေမှုများအတွက် အနူးအညွှတ်တောင်းပန်အပ်ပါသည်။
AEON သို့ ချေးငွေပြန်လည်ပေးသွင်းနိုင်သော Payment Channel တစ်ခုဖြစ်သည့် NearMe Agent ဆိုင်များမှတဆင့်လဲ လွယ်ကူစွာဖြင့် ချေးငွေပြန်လည်ပေးသွင်းနိုင်ပြီ ဖြစ်ကြောင်းအကြောင်းကြားအပ်ပါသည်။ NearMe Agent ဆိုင်များကို အောက်ပါလင့်မှတဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
ရန်ကုန်မြို့ရှိ NearMe Agent ဆိုင်များ
http://aeon.aceplusbeta.com/repayment/repayment-option/bank/2c2p-near-me-yangon/
မန္တလေးမြို့ရှိ NearMe Agent ဆိုင်များ
http://aeon.aceplusbeta.com/repayment/repayment-option/bank/2c2p-near-me-mandalay/
AEON Microfinance Myanmar Company သည် လက်ရှိဖြစ်ပေါ်နေသော ကပ်ရောဂါကြောင့် customer နှင့် ဝန်ထမ်းများ၏ ကျန်းမာရေးကို အထူးအလေးထားသောအားဖြင့် ချေးငွေဝန်ဆောင်မှုကောင်တာများကို ယာယီပိတ်ထားခဲ့သော်လည်း AEON သည် customer များနှင့် အမြဲရပ်တည်လျှက်ရှိပြီး အကောင်းဆုံးသော ဝန်ဆောင်မှုများကို ထပ်မံပေးနိုင်ရန်အတွက် အစဉ်အမြဲကြိုးစားလျှက်ရှိကြောင်းအကြောင်းကြားအပ်ပါသည်။
AEON ရဲ့ သတင်းအချက်အလက်တွေကို ပိုမိုသိရှိနိုင်ဖို့ အောက်တွင်ဖော်ပြထားသော လင့်ခ်များမှတစ်ဆင့် LinkedIn နဲ့ Instagram Account ကို Follow လုပ်ထားနိုင်ပါသည်။
For Linkedin :https://www.linkedin.com/company/aeon-microfinance-myanmar-co-ltd
For Instagram :https://www.Instagram.com/AeonMicrofinanceMyanmar/
AEON ဝန်ဆောင်မှုနှင့်ပတ်သတ်ပြီး သိလိုသမျှ အကြောင်းအရာများကို AEON Mobile Application ရဲ့ Contact Us မှတစ်ဆင့် မေးမြန်းနိုင်ပြီး AEON မှ အမြန်ဆုံးဖြေကြားပေးသွားမှာပါ။ လက်တလောတွင် AEON Microfinance Myanmar Facebook Page မှ Messenger Reply ဝန်ဆောင်မှုအတွက်အခက်အခဲ ရှိနေပါသဖြင့် AEON Mobile Application မှတစ်ဆင့် သိရှိလိုသည်များကိုစာပို့မေးမြန်းနိုင်ပါသည်။.
AEON Mobile Application ကို လွယ်ကူစွာ Download ရယူနိုင်ပါတယ်။
Android Version –https://bit.ly/2KzbFEq
IOS Version –https://apple.co/2YUKGw3
၁။ လျှို ့ဝှက်ကုဒ်မေ့နေပါသလားကို နှိပ်ပါ။
၂။ AEON ၌ စာရင်းပေးသွင်းထားသော မိမိဖုန်းနံပါတ်နှင့် NRC နံပါတ်ကိုထည့်ပြီး အတည်ပြုမည်ကိုနှိပ်ပါ။
၃။ လုံခြုံရေးမေးခွန်းတွေကိုဖြေပြီး အတည်ပြုမည်ကိုနှိပ်ပါ။
၄။ မိမိပေးလိုသည့်လျှို ့ဝှက်ကုဒ်အသစ်ကိုဖြည့်သွင်းပြီး ပြင်ဆင်မည်ကိုနှိပ်ပြီးပါက မိမိ၏လျှို ့ဝှက်ကုဒ်အသစ်ကို အောင်မြင်စွာထည့်သွင်းလိုက်ပြီဖြစ်ပါသည်။
ယခုဖြစ်ပွားလျှက်ရှိတဲ့ ရောဂါကပ်ဆိုးကြီးကနေ အကောင်းဆုံးကျော်လွှားရန် တစ်ယောက်နဲ့ တစ်ယောက်ဖေးမကူညီဖို့ အရေးကြီးပါတယ်။
အခုလိုခက်ခဲနေတဲ့ အချိန်ကာလမှာ အချင်းချင်းကူညီဖေးမမှသာ ရောဂါကပ်ဆိုးကြီးကနေ အမြန်ဆုံး ကျော်လွှားအနိုင်ယူနိုင်မှာ ဖြစ်ပါတယ်။
AEON Microfinance Myanmar ကလည်း ပြည်သူတွေနဲ့အတူ ရောဂါကပ်ဆိုးကြီးကနေ အမြန်ဆုံးလွတ်မြောက်ရန်အတွက် ကူညီဖေးမဖို့ အတူရှိပါတယ်။
