Announcement of Public Holiday

မင်္ဂလာပါခင်ဗျာ

ဖေဖော်ဝါရီလ (၁၂)ရက်နေ့သည် အစိုးရ ရုံးပိတ်ရက် ဖြစ်ပါသောကြောင့် ထိုနေ့တွင် အီရွန်ကုမ္မဏီ၏ အလုပ်ချိန်ကိုခေတ္တခဏရပ်နားထားမည်ဖြစ်ပါကြောင်းလေးစားစွာအသိပေး အကြောင်းကြားအပ်ပါတယ်ခင်ဗျာ။

AEON Microfinance (Myanmar) Co.,Ltd.

လတ်တလော‌တွင် AEON ရုံးခွဲများရှိ ချေးငွေ၀န်ဆောင်မှုများကို ခေတ္တရပ်နားထားမည်ဖြစ်ပါကြောင်းအသိပေးအကြောင်းကြားအပ်ပါသည်။ အသေးစိတ်သိရှိလိုသောအချက်အလက်များကို AEON Mobile Application ၏ Chat Function တွင် စာချန်ထားခဲ့နိုင်ပါသည်။

၀န်ဆောင်မှုများ ပြန်လည်ဆောင်ရွက်မည့်နေ့ကို ထပ်မံ အသိပေး အကြောင်းကြားပါမည်။အဆင်မပြေမှုများရှိခဲ့ပါက အနူးအညွတ်တောင်းပန်အပ်ပါသည်။

AEON Microfinance (Myanmar) Co.,Ltd.

မင်္ဂလာပါခင်ဗျာ။ ဇန်နဝါရီလ (၁၃)ရက်နေ့သည် ကရင်နှစ်သစ်ကူး အစိုးရ ရုံးပိတ်ရက် ဖြစ်ပါသောကြောင့် ထိုနေ့တွင် အီရွန်ကုမ္မဏီ၏ အလုပ်ချိန်ကို ခေတ္တခဏရပ်နားထားမည်ဖြစ်ပါကြောင်းလေးစားစွာအသိပေး အကြောင်းကြားအပ်ပါတယ်ခင်ဗျာ။

AEON Microfinance (Myanmar) Co.,Ltd.

မင်္ဂလာပါခင်ဗျာ။ ဇန်နဝါရီလ (၄)ရက်နေ့သည် လွတ်လပ်ရေးနေ့ ရုံးပိတ်ရက် ဖြစ်ပါသောကြောင့် ထိုနေ့တွင် အီရွန်ကုမ္မဏီ၏ အလုပ်ချိန်ကို ခေတ္တခဏရပ်နားထားမည်ဖြစ်ပါကြောင်းလေးစားစွာအသိပေး အကြောင်းကြားအပ်ပါတယ်ခင်ဗျာ။

AEON Microfinance (Myanmar) Co.,Ltd.

မင်္ဂလာပါခင်ဗျာ။ နို၀င်ဘာလ (၂၈)ရက် နှင့် နိုဝင်ဘာလ (၂၉)ရက်နေ့သည် တန်ဆောင်တိုင်ရုံးပိတ်ရက်နှင့် တန်ဆောင်မုန်းလပြည့် နေ့ထူးနေ့မြတ်ဖြစ်ပါသောကြောင့် ထိုနေ့တွင် အီရွန်ကုမ္မဏီ၏ အလုပ်ချိန်ကို ခေတ္တခဏရပ်နားထားမည်ဖြစ်ပါကြောင်းလေးစားစွာအသိပေး အကြောင်းကြားအပ်ပါတယ်ခင်ဗျာ။

မင်္ဂလာပါခင်ဗျာ။ အောက်တိုဘာလ (၃၁)ရက် နှင့် နိုဝင်ဘာလ (၁)ရက်နေ့သည် သီတင်းကျွတ်လပြည့်နှင့် သီတင်းကျွတ်ရုံးပိတ်ရက် နေ့ထူးနေ့မြတ်ဖြစ်ပါသောကြောင့် ထိုနေ့တွင် အီရွန်ကုမ္မဏီ၏ အလုပ်ချိန်ကို ခေတ္တခဏရပ်နားထားမည်ဖြစ်ပါကြောင်းလေးစားစွာအသိပေး အကြောင်းကြားအပ်ပါတယ်ခင်ဗျာ။

၁။ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း၊ ပုလဲကွန်ဒို၊ AEON Microfinance(Myanmar) ကုမ္ပဏီတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းတစ်ဦးတွင် Covid-19ရောဂါပိုး စစ်ဆေးတွေ့ရှိကြောင်း ဒလဆေးရုံ မှတဆင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ (၂၇.၉.၂၀၂၀) ရက်နေ့ထုတ်ပြန်သည့် ရောဂါဓာတ်ခွဲစစ်ဆေးမှု အဖြေအရ အတည်ပြုခဲ့ပါသည်။ အဆိုပါဝန်ထမ်းသည်ကုမ္ပဏီ၏ Covid-19 ရောဂါပြန့်ပွားထိန်းချုပ်မှု အစီအစဉ်အရ (၅.၉.၂၀၂၀) မှစတင်၍ အိမ်တွင်နေထိုင်၍ အလုပ်လုပ်စေခြင်း (Work From Home) အနေဖြင့်ရှိခဲ့ပါသည်။ အဆိုပါ ဝန်ထမ်းသည် Customers များနှင့်ထိတွေ့ရန်မလိုအပ်သောဌာနတွင် တာဝန်ထမ်းဆောင်ရသူတစ်ဦး ဖြစ်ပါသည်။
၂။ AEON Microfinance (Myanmar) အနေဖြင့် အဆိုပါဝန်ထမ်းနှင့်လုပ်ငန်းခွင်တွင် အနီးကပ်ထိတွေ့ဆက်ဆံမှု ရှိသောသူများအားလုံးကို စုံစမ်းရှာဖွေခဲ့ပါသည်။ ထိုသို့ရှာဖွေရှာတွင် (၂၇.၉.၂၀၂၀) ရက်နေ့အထိ Covid-19 ရောဂါ လက္ခဏာပြသသော အခြားဝန်ထမ်းများမရှိခဲ့ပါ။ သို့သော် ကျွန်ုပ်တို့သည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန နှင့်အတူ ထိတွေ့မှုခြေရာခံခြင်း (Contact Tracing) အစီအစဉ်ကို ပူးပေါင်းကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး မိမိတို့ဝန်ထမ်းပြန်လည်ကောင်းမွန်လာလည်အထိ ကူညီထောက်ပံ့မှုများပြုလုပ်ပေးသွားမည်ဖြစ်ပါသည်။
၃။ ကျွန်ုပ်တို့ AEON Microfinance (Myanmar) အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန် ချက်နှင့်အညီ ကျွန်ုပ်တို့၏ Customerများ၊ မိတ်ဖက်များ နှင့်ဝန်ထမ်းများဘေးကင်းလုံခြုံရေးအတွက် ကြိုတင်ကာကွယ်တားဆီး ထိန်းချုပ်ရေးလုပ်ငန်းစဉ်များကို တိကျစွာလိုက်နာဆောင်ရွက်လျှက်ရှိပါသည်။ ယင်းအစီအစဉ် များတွင် ၂၀၂ဝ ဖေဖော်ဝါရီလ မှစတင်၍ ဝန်ထမ်းများအားလုံးအား Mask, လက်အိတ်, Face Shields များ၊ လက်သန့်ဆေးရည်များထား ရှိအသုံးပြုစေခြင်းအပြင် Counter Shield များကိုတပ်ဆင်၍ ကျွန်ုပ်တို့၏ ကောင်တာများသို့ လာရောက်သော Customerများကို Social Distancing နှင့်အညီ ဝန်ဆောင်မှုပေး၍ အပူချိန်တိုင်းခြင်း၊ Mask များဝတ်ဆင်စေခြင်းနှင့် လက်သန့်ဆေးရည်များကိုလည်း အသုံးပြုစေခဲ့ပါသည်။
၄။ AEON Microfinance (Myanmar) အနေဖြင့် မိမိ၏ဝန်ထမ်းများနှင့် Customerများ၏ ကျန်းမာရေးနှင့်လုံခြုံမှု ရှိစေရေးသည် အဓိကဦးစားပေးဖြစ်ပါသည်။ ကျွန်ုပ်တို့သည်နိုင်ငံတော် အစိုးရနှင့်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ကြိုတင်ကာကွယ်တားဆီးထိန်းချုပ်ရေးလုပ်ငန်းစဉ်များကို ဆက်လက်လိုက်နာ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ဤကာလအတွင်း ကြိုတင်ကာကွယ်မှုများ အနေဖြင့် ကျွန်ုပ်တို့၏ Call Center များကိုပိတ်ထားမည်ဖြစ်ပါသဖြင့် စုံစမ်းမေးမြန်းမှုများအတွက် AEON Mobile Application မှတဆင့် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

AEON Microfinance (Myanmar) Co., Ltd.

Covid-19 ဆက်လက်မဖြစ်ပွားစေရန် နိုင်ငံတော်အစိုးရ၏လမ်းညွှန်မှုနှင့်အညီ ပြည်သူ/သားများအနေဖြင့် ပါဝင်ထိန်းသိမ်းခြင်းပြုရန် AEON Microfinance (Myanmar) Co.Ltd., ရုံးခွဲများ၏ဝန်ဆောင်မှုများကို အောက်ပါအတိုင်း ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

အဆင်မပြေမှုများအတွက်လည်း အနူးအညွှတ်တောင်းပန်အပ်ပါသည်။

အီရွန်ရုံးခွဲများ ချေးငွေလျှောက်ထားရန်ကောင်တာ ချေးငွေထုတ်ရန်ကောင်တာ
ပိတ်ရက် ရုံးဖွင့်ရက် ပိတ်ရက် ရုံးဖွင့်ရက်
ပုလဲကွန်ဒို (၂၁)ရက် စက်တင်ဘာလ ၂၀၂၀မှ ထပ်မံကြေငြာပေးပါမည်။ (၂၁)ရက် စက်တင်ဘာလ ၂၀၂၀မှ ထပ်မံကြေငြာပေးပါမည်။
ဆာကူရာတာဝါရုံးခွဲ
စပေ့ရန်ကင်းကွန်ဒိုရုံးခွဲ
မန္တလေးရုံးခွဲ ခေတ္တဆိုင်းငံ့ထားပါသည်။ ခေတ္တဆိုင်းငံ့ထားပါသည်။
သန်လျင်ရုံးခွဲ
ရွှေပြည်သာရုံးခွဲ

AEON Microfinance (Myanmar) Co., Ltd.

အီရွန်ကုမ္ပဏီ၏ အလုပ်ချိန် ပြောင်းလဲခြင်းများအား အောက်ပါဇယားအတိုင်း အသိပေးအကြောင်းကြားအပ်ပါသည်ရှင်။ အဆင်မပြေမှုများအတွက် အနူးအညွှတ် တောင်းပန်အပ်ပါသည်။

ဝန်ဆောင်မှု ပိတ်ရက် ရုံးပြန်ဖွင့်ရက်
Customer တိုက်ရိုက်ခေါ်ဆိုမှုဖုန်းလိုင်း ၃ ဩဂုတ် ၂၀၂၀ ၄ ဩဂုတ် ၂၀၂၀

 

အီရွန် ရုံးခွဲများ ချေးငွေလျှောက်ထားရန်ကောင်တာ ချေးငွေထုတ်ရန်ကောင်တာ
ပိတ်ရက် ရုံးပြန်ဖွင့်ရက် ပိတ်ရက် ရုံးပြန်ဖွင့်ရက်
ပုလဲကွန်ဒိုရုံးခွဲ (၃၁) ဇူလိုင် မှ
(၃) ဩဂုတ် ၂၀၂၀ ထိ
(၄) ဩဂုတ် ၂၀၂၀ (၃၁) ဇူလိုင် မှ
(၃) ဩဂုတ် ၂၀၂၀ ထိ
(၄) ဩဂုတ် ၂၀၂၀
ဆာကူရာတာဝါ ရုံးခွဲ
စပေ့ရန်ကင်းကွန်ဒို ရုံးခွဲ
မန္တလေး ရုံးခွဲ
သန်လျင် ရုံးခွဲ (၃၁) ဇူလိုင်၊
(၁) ဩဂုတ် နှင့်
(၃) ဩဂုတ် ၂၀၂၀
(၂) ဩဂုတ် ၂၀၂၀ ၊
(၄) ဩဂုတ် ၂၀၂၀
ခေတ္တဆိုင်းငံ့
ထားပါသည်
ခေတ္တဆိုင်းငံ့
ထားပါသည်
ရွှေပြည်သာရုံးခွဲ

AEON Microfinance (Myanmar) Co., Ltd.

AEON သို့ ချေးငွေပြန်လည်ပေးသွင်းနိုင်သော Payment Channel တစ်ခုဖြစ်သည့် NearMe Agent သည် ဇွန်လ ၁ရက်နေ့မှ စ၍ ဝန်ဆောင်ခအား ၂၀၀ကျပ် အစား ၅၀၀ကျပ်သို့ ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။ ထိုဝန်ဆောင်ခသည် AEON မှ ကောက်ခံခြင်း မဟုတ်ပါ။