Announcement of Public Holiday (4/1/2020)

အီရွန်ကုမ္ပဏီ၏ အလုပ်ချိန် ပြောင်းလဲခြင်းများအား အောက်ပါဇယားအတိုင်း အသိပေးအကြောင်းကြားအပ်ပါသည်ရှင်။ အဆင်မပြေမှုများအတွက် အနူးအညွှတ် တောင်းပန်အပ်ပါသည်။

၀န်ဆောင်မှု ပိတ်ရက် ရုံးပြန်ဖွင့်ရက်
Customer တိုက်ရိုက်ခေါ်ဆိုမှုဖုန်းလိုင်း ၄ ဇန်နဝါရီ ၂၀၂၀ ၅ ဇန်နဝါရီ ၂၀၂၀

 

AEON Branches ချေးငွေလျှောက်ထားရန်ကောင်တာ ချေးငွေထုတ်ရန်ကောင်တာ
ပိတ်ရက် ရုံးပြန်ဖွင့်ရက် ပိတ်ရက် ရုံးပြန်ဖွင့်ရက်
ပုလဲကွန်ဒိုရုံးခွဲ ၄ ဇန်နဝါရီ ၂၀၂၀ ၇ ဇန်နဝါရီ ၂၀၂၀ ၄ ဇန်နဝါရီ ၂၀၂၀ ၇ ဇန်နဝါရီ ၂၀၂၀
ဆာကူရာတာဝါ ရုံးခွဲ
စပေ့ရန်ကင်းကွန်ဒို ရုံးခွဲ
မန္တလေး ရုံးခွဲ
သန်လျင် ရုံးခွဲ နေ့စဉ် နံနက် (၁၀:၃၀) မှ ညနေ (၇:၀၀) ထိ
ဖွင့်လှစ်ထားပါမည်။
ရွှေပြည်သာ ရုံးခွဲ

AEON Microfinance (Myanmar)Co., Ltd.

၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက် (အင်္ဂါနေ့) တွင် AEON 1% Club Foundation မှ ၇ ကြိမ်မြောက် ပညာသင်စရိတ်ဆု ချီးမြှင့်ခြင်း အစီအစဉ်အား ကျင်းပခဲ့ပါသည်။ ၂၀၀၆ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံတွင် ပညာသင်စရိတ် ဆုချီးမြှင့်ခြင်းအစီအစဉ်အား စတင်ကျင်းပခဲ့ရာ ယခုနှစ်တွင်လည်း ရန်ကုန်စီးပွားရေး တက္ကသိုလ်နှင့် ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်များတွင် ပညာသင်ကြားနေသော ကျောင်းသူ ကျောင်းသား စုစုပေါင်း ၄၀ ယောက်အား ပညာသင်စရိတ်ထောက်ပံ့ခြင်းများ ပြုလုပ်ပေးခဲ့ပါသည်။ အစီအစဉ်၌ ဆုလက်ခံရရှိသူများမှ ၎င်းတို့ ၏ ရည်မှန်းချက်ပန်းတိုင်များကိုလဲ မျှဝေခဲ့ပါသည်။

အီရွန်ကုမ္ပဏီ၏ အလုပ်ချိန် ပြောင်းလဲခြင်းများအား အောက်ပါဇယားအတိုင်း အသိပေးအကြောင်းကြားအပ်ပါသည်ရှင်။ အဆင်မပြေမှုများအတွက် အနူးအညွှတ် တောင်းပန်အပ်ပါသည်။

၀န်ဆောင်မှု ပိတ်ရက် ရုံးပြန်ဖွင့်ရက်
Customer တိုက်ရိုက်ခေါ်ဆိုမှုဖုန်းလိုင်း ၁၁ နိုဝင်ဘာ ၂၀၁၉ ၁၂ နိုဝင်ဘာ ၂၀၁၉

 

AEON Branches ချေးငွေလျှောက်ထားရန်ကောင်တာ ချေးငွေထုတ်ရန်ကောင်တာ
ပိတ်ရက် ရုံးပြန်ဖွင့်ရက် ပိတ်ရက် ရုံးပြန်ဖွင့်ရက်
ပုလဲကွန်ဒိုရုံးခွဲ ၁၀ရက်နေ့ မှ ၁၂ ရက်နေ့
နိုဝင်ဘာ ၂၀၁၉ ထိ
၁၃ နိုဝင်ဘာ ၂၀၁၉ ၁၀ရက်နေ့ မှ ၁၂ ရက်နေ့
နိုဝင်ဘာ ၂၀၁၉ ထိ
၁၃ နိုဝင်ဘာ ၂၀၁၉
ဆာကူရာတာဝါ ရုံးခွဲ
စပေ့ရန်ကင်းကွန်ဒို ရုံးခွဲ
မန္တလေး ရုံးခွဲ
သန်လျင် ရုံးခွဲ နေ့စဉ် နံနက် (၁၀း၃၀) မှ ညနေ (၇း၀၀) ထိ
ဖွင့်လှစ်ထားပါမည်။
ရွှေပြည်သာ ရုံးခွဲ

AEON Microfinance (Myanmar)Co., Ltd.

အီရွန်ကုမ္ပဏီ၏ အလုပ်ချိန် ပြောင်းလဲခြင်းများအား အောက်ပါဇယားအတိုင်း အသိပေးအကြောင်းကြား အပ်ပါသည်ရှင်။ အဆင်မပြေမှုများအတွက် အနူးအညွှတ် တောင်းပန်အပ်ပါသည်။

ဝန်ဆောင်မှု ပိတ်ရက် ရုံးပြန်ဖွင့်ရက်
Customer တိုက်ရိုက်ခေါ်ဆိုမှုဖုန်းလိုင်း ၁၃ အောက်တိုဘာ ၂၀၁၉ ၁၄ အောက်တိုဘာ ၂၀၁၉

 

အီရွန် ရုံးခွဲများ ချေးငွေလျှောက်ထားရန်ကောင်တာ ချေးငွေထုတ်ရန်ကောင်တာ
ပိတ်ရက် ရုံးပြန်ဖွင့်ရက် ပိတ်ရက် ရုံးပြန်ဖွင့်ရက်
ပုလဲကွန်ဒိုရုံးခွဲ ၁၁ရက်နေ့ မှ ၁၅ ရက်နေ့
အောက်တိုဘာ ၂၀၁၉ ထိ
၁၆ အောက်တိုဘာ ၂၀၁၉ ၁၁ရက်နေ့ မှ ၁၅ ရက်နေ့
အောက်တိုဘာ ၂၀၁၉ ထိ
၁၆ အောက်တိုဘာ ၂၀၁၉
ဆာကူရာတာဝါ ရုံးခွဲ
စပေ့ရန်ကင်းကွန်ဒို ရုံးခွဲ
မန္တလေး ရုံးခွဲ
သန်လျင် ရုံးခွဲ Open Daily
From 10:30AM to 7:00PM

AEON Microfinance (Myanmar)Co., Ltd.

၂ဝ၁၉ ခုနှစ် သြဂုတ်လ (၃၁) ရက်နေ့ (စနေနေ့) တွင် AEON ORANGE COMPANY LIMITED, AEON MICROFINANCE (MYANMAR) CO., LTD နှင့် AEON Thana Sinsap (Thailand) PLC တို့ စုပေါင်း၍လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသို့ ဘေးအန္တရာယ်ကျရောက်နေသော ရေဘေးဒုက္ခသည်များအတွက် အရေးပေါ် ရေဘေးကယ်ဆယ်ရေး ငွေကြေးကူညီထောက်ပံ့ လှူဒါန်းမှုများ ပြုလုပ်ခဲ့ပါသည်။

 

မြန်မာနိုင်ငံတွင် သြဂုတ်လအတွင်း မုတ်သုန်ရာသီဥတု၏ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးခြင်းနှင့် မြေပြိုခြင်းများသည် နိုင်ငံ၏ နေရာတော်တော်များများတွင်ဖြစ်ပွားခဲ့ပြီး သြဂုတ်လ (၂၂) ရက်နေ့ သတင်းအရ လူပေါင်း ၈၀၀၀၀ ခန့်သည် ကယ်ဆယ်ရေးစခန်းပေါင်း (၁၆၀) ကျော်သို့ ပြောင်းရွေ့နေထိုင်ခဲ့ရပါသည်။ အထူးသဖြင့် မွန်ပြည်နယ်၏ အရှေ့တောင်ဘက်၌ မြေပြိုမှုများဖြစ်ပွားခဲ့ပြီး ကမ်းရိုးတန်းဒေသဖြစ်သော ရေးမြို့နယ်တွင် ယာယီထောက်ပံ့ပို့ဆောင်ရေးများ ပြတ်တောက်၍ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအား ဆက်လက်လုပ်ဆောင်လျက်ရှိပါသည်။

ဤအခြေအနေများ ပြန်လည်ကောင်းမွန်လာစေရန် ရည်ရွယ်၍ သြဂုတ်လ (၂၂)ရက်နေ့ (ကြာသာပတေးနေ့) မှ သြဂုတ်လ (၂၈)ရက်နေ့ (ဗုဒ္ဓဟူးနေ့) အထိ AEON Orange နှင့် AEON Microfinance ရုံးခန်းများ အပါအဝင် နေရာပေါင်း (၁၈)နေရာ၌ အရေးပေါ်အထောက်အပံ့ လှူဒါန်းမှုများအတွက် ကောက်ခံမှုများ ပြုလုပ်ခဲ့ပါသည်။

AEON Orange၊ AEON Microfinance၊ AEON Mall နှင့် AEON Thana Sinsap တို့မှ လှူဒါန်းသော ငွေကြေးထောက်ပံ့ငွေများ အပါအဝင် Customer များ၊ ဝန်ထမ်းများမှ လှူဒါန်းငွေ စုစုပေါင်း ဒေါ်လာ(15,000) ကို ကောက်ခံရရှိခဲ့ပါသည်။ AEON 1% Club မှလည်း ရေဘေးကယ်ဆယ်ရေး လုပ်ငန်းများအတွက် ဒေါ်လာ (20,000) ကို ထပ်မံထည့်သွင်း လှူဒါန်းခဲ့ပါသည်။

ကျွနု်ပ်တို့၏ လှူဒါန်းမှုသည် ရေဘေးအန္တရာယ်ကျရောက်နေသော ဒေသမှ လူအများအပြား မကြာမီ အချိန်အတွင်း ပြန်လည်ကောင်းမွန်လာစေရေးအတွက် အထောက်အပံ့တစ်ခု ဖြစ်လိမ့်မည်ပာု မျှော်လင့်ပါသည်။

ယခုအခါ ချေးငွေဝန်ဆောင်မှုများနှင့် ပတ်သက်၍ ငွေကြေးလိမ်လည်တောင်းခံမှုများ ဖြစ်ပွားလျှက်ရှိပါသည်။ သို့ပါသောကြောင့် ပုံမှန်မဟုတ်သော ချေးငွေပြန်လည်ပေးသွင်းရန် တောင်းခံမှုများနှင့်ကြုံတွေ့လာပါက အောက်ပါအခြေအနေများကို သတိပြုရန်အကြံပြုတင်ပြအပ်ပါသည်။

၁) တစ်စုံတစ်ယောက်မှ ချေးငွေဝန်ဆောင်မှုပတ်သက်၍ ဆက်သွယ်လာပါက ချေးငွေလိုင်စင် ရှိ မရှိကို ဦးစွာမေးမြန်းပါ။ (ဥပမာ- လိုင်စင်အမှတ် xxx/xxxx ရက်စွဲ လ.ရက်.ခုနှစ်)

၂) မိမိ၏အချက်အလက်များ မှန်ကန်မှု ရှိ မရှိကို မေးခွန်းများမေးမြန်းခြင်းဖြင့် အတည်ပြုရမည်။ (ဥပမာ။ ချေးငွေပြန်လည်ပေးသွင်းရမည့် ပမာဏ၊ ချေးငွေပြန်လည်ပေးသွင်းရမည့်ကာလ၊ ချေးငွေပြန်လည်ပေးသွင်းရမည့်အကောင့်)။ မိမိ၏ အချက်အလက်များနှင့် ကိုက်ညီမှုမရှိပါက သက်ဆိုင်ရာချေးငွေဝန်ဆောင်မှု၏ Hotline သို့ဆက်သွယ် အကြောင်းကြား အတည်ပြုရမည်။

၃) ချေးငွေပြန်လည်ပေးသွင်းရာ၌လည်း သက်ဆိုင်ရာချေးငွေဝန်ဆောင်မှုအဖွဲ့အစည်းမှ သတ်မှတ်ထားသော တရားဝင်အကောင့်သို့သာ လိုအပ်သော အချက်အလက်များဖြည့်စွက်၍ ပြန်လည်ပေးသွင်းရမည်။ အကယ်၍ တရားဝင်သတ်မှတ်ထားသော တရားဝ်အကောင့်မဟုတ်ပဲ အခြားသော လူပုဂ္ဂိုလ်အကောင့်များသို့ ပေးသွင်းရန် တောင်းခံလာပါက သက်ဆိုင်ရာ ချေးငွေဝန်ဆောင်မှု၏ Hotline သို့ ဆက်သွယ်အကြောင်းကြား အတည်ပြုတိုင်ကြားရမည်။

၄) သက်ဆိုင်ရာချေးငွေဝန်ဆောင်မှုများမှ မဟုတ်ပဲ တစ်စုံတစ်ဦးမှ အယောင်ဆောင်၍ ချေးငွေလိမ်လည်တောင်းခံခြင်းများ ကြုံတွေ့ပါက သက်ဆိုင်ရာ ချေးငွေဝန်ဆောင်မှုသို့၎င်း၊ မိသားစုဝင်များ၊ မိတ်ဆွေ သူငယ်ချင်းများအား ထပ်မံဖြစ်ပွားမှု မရှိစေရန်နှင့် ရှောင်ရှားနိုင်ရန်အတွက် ထိုအကြောင်းအရာများကို မျှဝေအသိပေးရမည်။

၅) ယနေ့ခေတ်တွင် နည်းပညာတိုးတက်လာသည်နှင့်အမျှ မိမိ၏ အချက်အလက်များ သိရှိယုံဖြင့် မသမာသူများက လိမ်လည်မှု မျိုးမျိုးကို ပြုလုပ်နိုင်ပါသည်။ သို့ပါသောကြောင့် မိမိ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို Facebook စာမျက်နှာ (သို့) အခြားဆိုရှယ်မီဒီယာများ၊ လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် ဖော်ပြခြင်းများ မပြုလုပ်သင့်ပါကြောင်း။ (ဥပမာ။ အမည်၊ မှတ်ပုံတင်နံပါတ်၊ ဖုန်းနံပါတ်များ၊ အခြားသောအချက်အလက်များ)

ချေးငွေပြန်လည်ပေးသွင်းမှု အဆင်ပြေလွယ်ကူစေရန် AEON မှ Payment Channel နှင့် ပူးပေါင်းဆောင်ရွက်ထားပြီးဖြစ်ပါသည်။ အီရွန်သို့ ချေးငွေပြန်လည်ပေးသွင်းနိုင်သော Payment Channel များမှာ ကမ္ဘောဇဘဏ်, CBဘဏ်, ဧရာဝတီဘဏ်, ယူနိုက်တက်အမရာဘဏ်, AGDဘဏ်, မြန်မာ့ရှေ့ဆောင်ဘဏ်, True money, Ongo, Wave Money, Pay Here နှင့် Near Me ဆိုင်များမှတဆင့် လစဉ်ပြန်လည် ပေးဆပ်မှုကို ပြုလုပ်နိုင်ပါသည်။ AEON နှင့် တရားဝင်ပူးပေါင်းဆောင်ရွက်ထားသော Payment Channel များကို အောက်ပါလင့်တွင် အသေးစိတ် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

https://www.aeonmicrofinance.com.mm/mm/payment-channel

ယခုအခါ အချို့သော အဖွဲ့အစည်းများ (သို့မဟုတ်) လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ခြင်းအနေဖြင့် ၎င်းတို့၏ အကျိုးစီးပွားအလို့ဌာ AEON နာမည်အသုံးပြု၍ လူမှုကွန်ယက်မှဖြစ်စေ၊ ဖုန်းဖြင့်တိုက်ရိုက်ဆက်သွယ်၍ဖြစ်စေ ၎င်းတို့၏အကောင့်များသို့ ပေးသွင်းရန်တောင်းခံခြင်းများအားပြုလုပ်နေသည်ကို တွေ့ရှိရပါသည်။

ထို့ကြောင့် AEON အကောင့်မှလွဲ၍ အခြားအကောင့်များသို့ ငွေလွဲခိုင်းခြင်းများ လုံး၀ (လုံးဝ) မရှိပါကြောင်းနှင့် ချေးငွေပြန်လည်ပေးသွင်းရာ၌လည်း AEON မှပေးပို့ထားသော ဂဏန်း(၁၆)လုံးနှင့် ဖုန်းနံပါတ်များကို မဖြစ်မနေဖြည့်စွက်ပြီးမှသာ ပေးသွင်းရမည်ဖြစ်ကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။

AEON မဟုတ်ပဲ အခြားအကောင့်များသို့ ငွေလွဲခိုင်းခြင်းများအား တွေ့ကြုံလာပါက AEON ၏ Hotline ဖြစ်သော 09 969 712 111 (သို့) AEON official Facebook chat box (သို့) csinfo@aeoncredit.com.mm မှတဆင့် အကြောင့်ကြားပေးပါရန် အသိပေး မေတ္တာရပ်ခံအပ်ပါသည်။

AEON Microfinance (Myanmar) Co., Ltd မှ AEON ၏ ဝန်ဆောင်မှုများနှင့် ပတ်သက်သော အချက်အလက်များကို Customer များထံသို့ အသိပေးအကြောင်းကြားရာတွင် “ AEONMF “ အမည်ဖြင့်သာ တရားဝင်ပေးပို့လျှက်ရှိပါသည်။

ထို့ကြောင့် “ AEONMF “ အမည်ဖြင့်မဟုတ်ပဲ အခြားသော ဖုန်းနံပါတ်များဖြင့် ချေးငွေထုတ်ယူရန် အကြောင်းကြားခြင်း၊ ချေးငွေပြန်လည်ပေးသွင်းရန် အကြောင်းကြားခြင်းများ ရှိခဲ့ပါက AEON ၏ Customer Service Hotline ဖြစ်သော 09 969 712 111 (သို့) AEON official Facebook chat box (သို့) csinfo@aeoncredit.com.mm မှတဆင့် အကြောင့်ကြားပေးပါရန် အသိပေး မေတ္တာရပ်ခံအပ်ပါသည်။

AEON Microfinance (Myanmar) Co., Ltd. သည် အသေးစား ငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်အမှတ် ၀၁၃၂/၂၀၁၃ ရက်စွဲ ၈-၀၂-၂၀၁၃ ဖြင့် ချေးငွေဝန်ဆောင်မှုပေးနေသော တရားဝင် အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။

ယခုအခါ အချို့သော အဖွဲ့အစည်းများ (သို့မဟုတ်) လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ခြင်းအနေဖြင့် ၎င်းတို့၏ အကျိုးစီးပွားအလို့ဌာ AEON နာမည်အားအသုံးပြု၍ AEONဝန်ထမ်းအယောင်ဆောင်၍ လူမှု့ကွန်ရက်မှဖြစ်စေ၊ ဖုန်းဖြင့်တိုက်ရိုက် ဆက်သွယ်၍ဖြစ်စေ၊ AEON ဝန်ဆောင်မှုကိုထင်ယောင်ထင်မှား ဖြစ်စေသော ငွေတောင်းခံခြင်းများအားပြုလုပ်နေသည်ကိုတွေ့ရှိရပါသည်။

ထို့အတွက်ကြောင့် AEON သည် AEON အကောင့်မှလွဲ၍ တခြားအကောင့်များသို့ငွေလွဲခိုင်းခြင်းများလုံးဝ (လုံးဝ) မရှိပါကြောင်း AEON Customer များအားလေးစားစွာဖြင့် အသိပေးအကြောင်းကြားအပ်ပါသည်။

ထိုသို့ငွေလွဲခိုင်းခြင်းများအား တွေ့ကြုံရပါက AEON ၏ Hotline နံပါတ်ဖြစ်သော 09969712111 အားဆက်သွယ်အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

အစိုးရရုံးပိတ်ရက်ဖြစ်သော ၂၀၁၉ ခုနှစ် သြဂုတ်လ (၁၂)ရက်နေ့တွင် အီရွန်ကုမ္ပဏီ၏ ချေးငွေကောင်တာ၏ ဝန်ဆောင်မှုများကို ရပ်နားထားမည်ဖြစ်ပြီး သြဂုတ်လ (၁၃)ရက်နေ့တွင် ချေးငွေကောင်တာ၏ ဝန်ဆောင်မှုများကို ပုံမှန်ရုံးချိန်အတိုင်း ပြန်လည် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။ အဆင်မပြေမှုများအတွက် အနူးအညွှတ်တောင်းပန်အပ်ပါသည်။

ဝန်ဆောင်မှု ပိတ်ရက် ရုံးပြန် ဖွင့်ရက်
Thanlyin Branch ၁၂ – သြဂုတ်လ – ၂၀၁၉ ၁၃ – သြဂုတ်လ – ၂၀၁၉
Space Yankin Condo Branch
Sakura Tower Branch
Pearl Condo Branch

AEON Microfinance (Myanmar) Co., Ltd.