AEON donated for Myanmar Flood Disaster

၂ဝ၁၈ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့တွင် AEON Orange Company Limited, AEON Microfinance (Myanmar) Co., ltd, AEON Thana Sinsap (Thailand) PLC., နှင့် AEON 1% Club တို့မှ စုစုပေါင်းလှူဒါန်းငွေ USD 34,000 အား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းသို့ ဘေးအန္တရာယ်ကျရောက်နေသော ရေဘေးဒုက္ခသည်များအတွက် လှူဒါန်းခဲ့ပါသည်။

ဂျူလိုင်လတွင် ဖြစ်ပေါ်သောမုတ်သုံရာသီကြောင့် ရေကြီးရေလျှံသောဒေသများတွင် ယာယီရွက်ဖျင်တဲသို့ ပြောင်းရွှေ့နေထိုင်ရသော လူဦးရေ တစ်သိန်းခွဲရှိခဲ့ပါသည်။ အဓိကအားဖြင့် တောင်ဘက်ဒေသများတွင် ရေကြီးမှုကြောင့် ပျက်ဆီးနေသော ဘုရားပုထိုးများနှင့် ယာယီရွက်ဖျင်တဲဖြင့်နေထိုင်သော လူပေါင်းများစွာ ရှိခဲ့ပါသည်။

Aeon Orange Company Limited နှင့် Company ဝန်ထမ်းများမှ လှူဒါန်ငွေ ဒေါ်လာ 2000၊ Aeon Microfinance(Myanamr) Co.,LtD နှင့် Company ဝန်ထမ်းများမှ လှူဒါန်းငွေ ဒေါ်လာ 2000၊ Aeon Thana Sinsap (Thailand) PLC မှ လှူဒါန်းငွေ ဒေါ်လာ 10,000 နှင့် Aeon 1% club မှ လှူဒါန်းငွေ ဒေါ်လာ 20,000 စုစုပေါင်း ဒေါ်လာ (34,000) လှူဒါန်းခဲ့သည်။

ကျွနု်ပ်တို့ AEON မှလှူဒါန်းမှုသည် ရေဘေးအန္တရာယ်ကျရောက်သော ဒေသမှ လူအများအပြား မကြာမီ အချိန်အတွင်း ပြန်လည်ကောင်းမွန်လာစေရေးအတွက် အထောက်အပံ့တစ်ခု ဖြစ်လိမ့်မည်ပာု မျှော်လင့် ပါသည်။

ဒုတိယ သုံးနှစ် သစ်ပင် စိုက်ပျိုးရေး စီမံကိန်း၏ တတိယအကြိမ်မြောက် သစ်ပင်စိုက်ပျိုးပွဲကို AEON သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး ဖောင်ဒေးရှင်း နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့ သဘောတူထားသည့် သစ်ပင်စိုက်ပျိုးရေး စီမံကိန်းကို ရန်ကုန်မြို့ အပြင်ဘက်ရှိလှော်ကား ရေလှောင်ကန် အနီးတွင် ဇူလိုင်လ ၇ ရက် ၂၀၁၈ တွင် စိုက်ပျိုးခဲ့ပါသည်။

ယခုနှစ်တွင် သစ်ပင် ၁၃,ဝဝဝ ကို ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံမှ ဧည့်သည်၁၃,ဝဝ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ AEON အသေးစား ငွေရေးကြေးရေး (မြန်မာ) ကုမ္ပဏီ မှ ဝန်ထမ်းများနှင့် အတူတကွ ပါဝင်စိုက်ပျိုးခဲ့ပါသည်။

၂၀၁၈ခုနှစ် ဇူလိုင်လ (၁၄)ရက် (စနေနေ့) သည် အီရွန် ကုမ္ပဏီ ဆိုင်ရာ System Enhancement ပြုလုပ်မည်ဖြစ် သောကြောင့် ကုမ္ပ၏ အလုပ်ချိန်ကို ထိုနေ့တွင် အောက်ပါ အတိုင်း ယာယီပြောင်းလဲထားပါကြောင်း အသိပေး အကြောင်းကြားအပ်ပါတယ်ရှင်။

ဌာနအမည် ရုံးဖွင့်ချိန် ရုံးပိတ်ချိန်
တိုက်ရိုက်ခေါ်ဆိုမှုဖုန်းလိုင်း နံနက် (၉:၀၀) နာရီ နေ့လည် (၁:၀၀) နာရီ
အီရွန်ကောင်တာ (ပုလဲကွန်ဒို)
အီရွန်ကောင်တာ (ဆာကူရာတာဝါ)

 

အဆင်မပြေမှုများအတွက် အနူးအညွှတ်တောင်းပန်အပ်ပါတယ်ရှင်။

AEON Microfinance (Myanmar) Co., Ltd.

လေးစားအပ်ပါသော Customer များ

လတ်တလော အီရွန်ကုမ္ပဏီမှ ချိတ်ဆက်ခွင့်ပြုထားခြင်းမရှိသော Repayment Channel များမှချေးငွေပြန်လည်ပေးသွင်းရန် လိမ်လည်တောင်းခံနေသည်ကို စစ်ဆေးတွေ့ရှိရပါသည်။

ထိုသို့လိမ်လည်မှုများကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ တည်ဆဲဥပဒေပါ သတ်မှတ်ချက်များအရ ရာဇဝတ်မှုမြောက်သောကြောင့် တစိတ်တဒေသဖြစ်စေ၊ အလုံးစုံဖြစ်စေ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည်ဖြစ်သည်။ Customer များ ထိုသို့တွေ့ရှိခဲ့ပါက အီရွန်၏ Customer Service Hotline ဖြစ်သော 01-9345466သို့ ဆက်သွယ် အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံ အကြောင်းကြား အပ်ပါသည်။

အီရွန် ကုမ္ပဏီအနေဖြင့် Customer များ လွယ်ကူချောမွေ့စွာ ချေးငွေပြန်လည်ပေးသွင်းရန်အတွက် Repayment Channel များဖြစ်သော KBZ, CB, AYA, UAB, AGD, MAB ဘဏ်များ၊ KBZ, CB, AYA မိုလ်ဘိုင်းဘဏ်ဝန်ဆောင်မှုများ၊ KBZ, AYA, UAB အင်တာနက်ဘဏ်ဝန်ဆောင်မှုများ၊ Ongo မိုလ်ဘိုင်းဝန် ဆောင်မှုများ၊ True Money ဆိုင်များနှင့် Ongo ဆိုင်များနှင့်သာ ချိတ်ဆက်ခွင့်ပြုထားပြီးဖြစ်ပါသည်။ ချိတ်ဆက် ထားသော Repayment Channel မှ ချေးငွေပြန်လည်ပေးသွင်းမှုအကြိမ်တိုင်းအတွက် ငွေသွင်းလက်ခံဖြတ်ပိုင်းများ တရားဝင်ထုတ်ပေးပါသည်။

လေးစားစွာဖြင့်

AEON Microfinance (Myanmar) Co., Ltd.

အီရွန် Customer များ လစဉ် ချေးငွေပြန်လည် ပေးသွင်းမှု အဆင်ပြေချောမွေ့ စေရန်အတွက် အွန်ဂိုး ဒစ်ဂျစ်တယ်ငွေပေးချေမှု စနစ်ဖြင့်လည်းကောင်း အွန်ဂိုးဖြင့် ချိတ်ဆက်ထားသော ဆိုဒ်များမှလည်း ချေးငွေပြန်လည် ပေးသွင်းနိုင်ပြီဖြစ်ကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။

အထူးကျေးဇူးတင်ရှိပါသည်။

AEON Microfinance (Myanmar) Co., Ltd.

AEON ၏ ငွေသွင်းကောင်တာဖြစ်သော ပုလဲကွန်ဒိုရှိ ငွေသွင်းကောင်တာ ဝန်ဆောင်မှုအား သြဂုတ်လ (၁)ရက်နေ့ ၂၀၁၈ခုနှစ်မှစတင်၍ ရပ်ဆိုင်းမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။ အဆင်မပြေမှုများ အတွက်လည်း အနူးအညွတ်တောင်းပန် အပ်ပါသည်။

အီရွှန် Customer များ လစဉ်ချေးငွေ ပြန်လည်ပေးသွင်းမှုကို နီးစပ်ရာ CB, AYA, KBZ, UAB, MAB နှင့် True Money Agents ဆိုင်များတွင် ပြန်လည်ပေးသွင်းနိုင်ပြီး CB, AYA, KBZ နှင့် AGD mobile banking မှလည်း ပြန်လည်ပေးသွင်းနိုင်ပါသည်။ ထို့အပြင် AYA, KBZ နှင့် UAB Internet Banking စနစ်ကို အသုံးပြု၍လည်း ချေးငွေပြန်လည် ပေးသွင်းနိုင်ပါသည်။

အထူးကျေးဇူးတင်ရှိပါသည်။

AEON Microfinance (Myanmar) Co., Ltd.

AEON 1% Club Foundation သည် ပထမ ၃ နှစ် စီမံကိန်းတွင် ကျောင်း ၃၅ ကျောင်းကို မြန်မာနိုင်ငံတွင် ဆောက်လုပ်ပေးခဲ့သည်။ ဒုတိယ ၃ နှစ် စီမံကိန်း အနေဖြင့် အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သည့် အဖွဲ့အစည်း တစ်ခုဖြစ်သည့် “ADRA Japan” နှင့် ၂၀၁၉ ခုနှစ် အထိ ပူးပေါင်းပြီး ကျောင်း ၂၀ တည်ဆောက်ရန် ရည်ရွယ်ထားပါသည်။

မတ်လ ၂၉ ရက် ၂၀၁၈ တွင် ရန်ကုန်အနောက်တောင်ပိုင်း တွံတေးခရိုင်၌ တည်ရှိသော အိုးဖို (အနောက်) မူလတန်းကျောင်းတွင် ကျောင်းသား ၂၆၀ ဦး သင်ကြားနိုင်သော စာသင်ကျောင်းဆောင်ကို တည်ဆောက်ခဲ့ပါသည်။

အီရွန် Customer များ လစဉ် ချေးငွေ ပြန်လည်ပေးသွင်းမှု အဆင်ပြေချောမွေ့ စေရန်အတွက် ယူနိုက်တက်အမရဘဏ်မှ internet banking စနစ်ကို အသုံးပြုပြီး ချေးငွေပြန်လည်ပေးသွင်းမှု စတင် အသုံးပြုနိုင်ပါကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။

လေးစားအပ်သော Customer များရှင့်

ကျွန်တော်များ ကုမ္ပဏီအနေဖြင့် တရားဝင်ခွင့်ပြုထားခြင်းမရှိသော လူတချို့သည် ချေးငွေများလျှောက်ထားရာတွင် အသုံးပြုသော စာရွက်စာတမ်းများအား အတုအပပြုလုပ်ကာ လိမ်လည်နေသည်ကို လတ်တလောကာလအတွင်း စစ်ဆေးတွေ့ရှိနေပါသည်။ ထိုသို့ပြုလုပ်ကာ အခကြေးငွေ ၁၀၀၀၀ မှ ၃၀၀၀၀ ကျပ်ကို အသုံးပြုသူများထံမှကောက်ခံရယူနေလျှက်ရှိပါသည်။

ကျွန်တော်များ ကုမ္ပဏီအနေဖြင့် ယခုကဲ့သို့ဝန်ဆောင်မှုများ ခွင့်ပြုခြင်း လုံး၀ (လုံးဝ) မရှိပါ၊ ထိုသို့တရားမဝင်ပြုလုပ်နေသူများအား တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း သတိပေးအပ်ပါသည်။

ထို့အပြင် စာရွှက်စာတမ်းအတုအပပြုလုပ်ခြင်းသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ တည်ဆဲဥပဒေပါ သတ်မှတ်ချက်များအရ ရာဇဝတ်မှုမြောက်သောကြောင့် တစိတ်တဒေသ ဖြစ်စေ၊ အလုံးစုံ ဖြစ်စေ ပါဝင်ပတ်သတ်ခြင်းမရှိကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံ အကြောင်းကြားအပ်ပါသည်။

လေးစားစွာဖြင့်

AEON Microfinance (Myanmar) Co., Ltd.

AEON 1% Club foundation သည် ပထမ ၃ နှစ် စီမံကိန်းတွင် ကျောင်း ၃၅ ကျောင်းကို မြန်မာနိုင်ငံတွင် ဆောက်လုပ်ပေးခဲ့သည်။ဒုတိယ ၃ နှစ် စီမံကိန်း အနေဖြင့် အပြည်ပြည် ဆိုင်ရာ အစိုးရ မဟုတ်သည့် အဖွဲ့အစည်း တစ်ခုဖြစ်သည့် “ADRA Japan” နှင့် ၂၀၁၉ ခုနှစ်အထိ ပူးပေါင်းပြီး ကျောင်း ၂၀ တည်ဆောက်ရန် ရည်ရွယ် ထားပါသည်။

မတ်လ ၂၉ရက် ၂၀၁၈ တွင် ရန်ကုန်အနောက်တောင်ပိုင်း တွံတေးခရိုင်၌ တည်ရှိသော အိုးဖို (အနောက်) မူလတန်းကျောင်းတွင် ကျောင်းသား ၂၆၀ ဦး သင်ကြားနိုင်သော စာသင်ကျောင်းဆောင်ကို တည်ဆောက်ခဲ့ပါသည်။