၂၀၁၈ ခုနှစ် ဧပြီလ အတွက် အလုပ်ပိတ်ရက် ကြေငြာခြင်း

၂၀၁၈ ခုနှစ် မြန်မာနှစ် သစ်ကူး ပွဲတော် အချိန် ဖြစ်သော သင်္ကြန်ပွဲတော် ကာလ အတွင်း အီရွန် ကုမ္ပဏီ၏ အလုပ် ချိန်ကို အောက်ပါ အတိုင်း ခေတ္တရပ် နားထား မည်ဖြစ်ကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။

ဝန်ဆောင်မှု ပိတ်ရက် ရုံးပြန်ဖွင့်ရက်
တိုက်ရိုက်ခေါ်ဆိုမှုလိုင်း ၁၃~၁၇-ဧပြီ-၂၀၁၈ ၁၈-ဧပြီ-၂၀၁၈
အီရွန်ငွေထုတ်ကောင်တာ
အီရွန်ငွေသွင်းကောင်တာ

လူကြီးမင်းတို့၏အဆင်မပြေမှုများအတွက်အနူးအညွတ်တောင်းပန်အပ်ပါသည်။ မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော နှစ်သစ်အခါသမယဖြစ်ပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်။

AEON Microfinance (Myanmar) Co., Ltd.

အီရွန် Customer များအနေနှင့် အဆင်ပြေ လွယ်ကူစွာ ချေးငွေထုတ်ယူ အသုံးပြုနိုင်ရန်အတွက် အီရွန်ကောင်တာ အသစ်အား Sakura Tower တွင် စတင်ဖွင့်လှစ်လိုက်ပြီဖြစ် ပါကြောင်း လေးစားစွာဖြင့် အသိပေးအကြောင်းကြား အပ်ပါသည်။

ဝန်ဆောင်မှု ရုံးဖွင့်ချိန်
အီရွန်ငွေထုတ်ကောင်တာ မနက် ၉:၀၀ နာရီ မှ ညနေ ၅:၀၀ နာရီ
(တနင်္လာ မှ စနေနေ့)
အီရွန်ချေးငွေလျှောက်ထားရန်ကောင်တာ

 

AEON Microfinance (Myanmar) Co., Ltd.

အီရွန်ကုမ္ပပဏီ၏ System Upgrade ပြုလုပ်ရန်ရှိနေပါသဖြင့် ကုမ္ပဏီ၏ရုံးပိတ်ရက်အား အောက်ဖော်ပြပါနေ့ရက်တွင် ခေတ္တခဏပိတ်မည်ဖြစ်သောကြောင့် အကြောင်းကြားအပ်ပါသည်။

လူကြီးမင်းတို့၏ အဆင်မပြေမှုများအတွက် အနူးအညွတ်တောင်းပန်အပ်ပါသည်။

ဝန်ဆောင်မှု ပိတ်ရက်
တိုက်ရိုက်ခေါ်ဆိုမှုလိုင်း ၁၈ရက် ဖေဖော်ဝါရီလ ၂၀၁၈

 

အီရွန် အသေးစားချေးငွေကုမ္ပဏီ

  • ဂျပန်စကားပြောပြိုင်ပွဲကို ဇန်နဝါရီလ ၂၉ ရက် ၂၀၁၈ ခုနှစ်တွင် ဆွံ့အနားမကြားကျောင်း မန္တလေး၌ မြန်မာနှင့် ဂျပန် နှစ်နိုင်ငံကြား ဘာသာစကား တိုးတက်မှုအတွက် ကျင်းပခဲ့ပါသည်။
  • ထိုပြိုင်ပွဲကို Kyoshin Co., Ltd. & Kyoshin JETC Co., Ltd မှ ကြီးမှူးကျင်းပပြီး AEON Microfinance (Myanmar) Co., Ltd မှလည်း Co-sponsor များထဲမှ တစ်ခုအနေဖြင့် ပါဝင် ဆောင်ရွက်ခဲ့ပါသည်။
  • ယခုနှစ် ပြိုင်ပွဲဝင်အားလုံးအား ဂုဏ်ယူဝမ်းမြောက်ပြီး ဤပွဲဖြစ်မြောက်အောင် အချိန်ပေး၍ ဝိုင်းဝန်းကူညီပေးကြသော မိသားစုဝင်များနှင့် ပရိတ်သတ်များအားလည်း ကျေးဇူးတင်ရှိပါသည်။

အီရွန်ကောင်တာဝန်ဆောင်မှုအား အောက်ဖော်ပြပါနေ့ရက်တွင် ခေတ္တခဏပိတ်မည်ဖြစ်သောကြောင့် အကြောင်းကြားအပ်ပါသည်။ လူကြီးမင်းတို့၏ အဆင်မပြေမှုများအတွက် အနူးအညွတ်တောင်းပန်အပ်ပါသည်။

 

ဝန်ဆောင်မှု ပိတ်ရက်
အီရွန်ငွေထုတ်ကောင်တာ ၁၂ရက် ဖေဖော်ဝါရီလ ၂၀၁၈
အီရွန်ငွေသွင်းကောင်တာ

 

အီရွန် အသေးစားချေးငွေကုမ္ပဏီ

ဒီဇင်ဘာလ ၁၁ ရက်နေ့ ၂၀၁၇ (တနင်္လာနေ့) တွင် AEON 1% Club Foundation မှ ရန်ကုန် စီးပွားရေးတက္ကသိုလ် နှင့် ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ် များတွင် ပညာသင်ကြားနေသည့် ထူးချွန်ထက်မြက်သည့် ကျောင်းသား၊ကျောင်းသူများအတွက် ရည်ရွယ်၍ ပညာသင်စရိတ်ထောက်ပံ့ခြင်း များကိုလည်း ပြုလုပ်ပေးခဲ့ပါသည်။ AEON ပညာသင်စရိတ် ဆိုသည်မှာ အာရှနိုင်ငံများရှိ တက္ကသိုလ်ကျောင်းသား ကျောင်းသူ များ နှင့် ဂျပန်နိုင်ငံတွင် ပညာသင် ကြားနေသော အာရှကျောင်းသားကျောင်းသူများ အတွက် ဆုကြေးငွေပေးအပ် ထောက်ပံ့မှုအစီအစဉ်ဖြစ်သည်။

ဤပညာသင်စရိတ် ထောက်ပံ့မှုအစီအစဉ်သည် ၂၀၀၆ ခုနှစ်တွင် စတင်ခဲ့ပြီး ပါဝင်သူများအားလုံး အနေဖြင့် မိမိတို့ ၏ သက်ဆိုင်ရာနိုင်ငံ တိုးတက်ပြောင်းလဲမှုကို ၎င်းတို့ကျွှမ်းကျင်ရာအခန်းဏ္ဍအသီးသီးမှ အထောက်အကူဖြစ်စေမှာဖြစ်သလို ဂျပန် နိုင်ငံ နှင့်လည်း ချစ်ကြည်ရေး ပိုမိုတိုးတက်ကောင်းမွန်စေရန် ရည်ရွယ်ပါသည်။ ထို့အပြင် ဂျပန်နိုင်ငံ တွင် ပညာသင်ကြား လျှက်ရှိသော ပညာသင်ထောက်ပံ့ကြေးရရှိနှေကြသည့် ကျောင်းသူ၊ကျောင်းသားများ နိုင်ငံတကာအရည်အသွေးတိုးတက်စေရန်ရည်ရွှယ်ကာ နှစ်အလိုက် ငွေကြေးထောက်ပံ့မှု အစီအစဉ်နှင့် လေ့ကျင့်ပျိုးထောင်မှုအစီစဉ်အား ဆောင်ရွက်လျှက်ရှိပါသည်။

ပညာသင်ဆု ပေးအပ်ခြင်း အခမ်းအနား များအား သက်ဆိုင်ရာ နိုင်ငံအသီးသီးတွင်ကျင်းပရာတွင် ဆုရရှိသူများက သူတို့ဖြစ်ချင်သည့် ရည်မှန်းချက်များ အား မိန့်ခွန်းပြောကြား ကြပါသည်။

အီရွန်ကုမ္ပဏီ၏ အလုပ်ချိန် ပြောင်းလဲခြင်းများအား အောက်ပါဇယားအတိုင်း အသိပေးအကြောင်းကြားအပ်ပါသည်ရှင်။ အဆင်မပြေမှုများအတွက် အနူးညွတ် တောင်းပန်အပ်ပါသည်။

ဝန်ဆောင်မှု ပိတ်ရက်
တိုက်ရိုက်ခေါ်ဆိုမှုလိုင်း ၃ရက် နိုဝင်ဘာလ ၂၀၁၇
အီရွန်ငွေထုတ်ကောင်တာ
အီရွန်ငွေသွင်းကောင်တာ

 

အီရွန် အသေးစားချေးငွေကုမ္ပဏီ

AEON ၏ Customer Service Hotline ဖြစ်သော 01-9345466 ကို ယခုမှ စတင်၍ တိုက်ရိုက်ခေါ်ဆို မေးမြန်းနိုင်ပြီ ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်ရှင်။

ကျေးဇူးအထူးတင်ပါတယ်ရှင်

AEON Microfinance (Myanmar) Co., Ltd.

အီရွန် Customer များ လစဉ် ချေးငွေ ပြန်လည်ပေးသွင်းမှု အဆင်ပြေချောမွေ့ စေရန်အတွက် ကမ္ဘောဇဘဏ်မှ Internet Banking စနစ်ကို အသုံးပြုပြီး ချေးငွေပြန်လည်ပေးသွင်းမှု စတင် အသုံးပြုနိုင်ပါကြောင်း အသိပေးအကြောင်းကြား အပ်ပါသည်။

 

AEON Microfinance (Myanmar) Co.,Ltd.

အီရွန်ကုမ္ပဏီ၏ အလုပ်ချိန် ပြောင်းလဲခြင်းများအား အောက်ပါဇယားအတိုင်း အသိပေးအကြောင်းကြားအပ်ပါသည်ရှင်။ အဆင်မပြေမှုများအတွက် အနူးအညွှတ် တောင်းပန်အပ်ပါသည်။

ဝန်ဆောင်မှု ပိတ်ရက် ရုံးပြန်ဖွင့်ရက်
တိုက်ရိုက်ခေါ်ဆိုမှုဖုန်းလိုင်း ၅ အောက်တိုဘာ ၂၀၁၇ ၆ အောက်တိုဘာ ၂၀၁၇
အီရွန်ငွေထုတ်ကောင်တာ ၅ အောက်တိုဘာ ၂၀၁၇ မှ ၆ အောက်တိုဘာ ၂၀၁၇ ၇ အောက်တိုဘာ ၂၀၁၇
အီရွန်ငွေသွင်းကောင်တာ

 

AEON Microfinance (Myanmar) Co.,Ltd.