၂၀၁၇ ခုနှစ် ဇူလိုင် (၁၅) ရက်နေ့တွင် အီရွန်ကုမ္ပဏီဆိုင်ရာ Activity များရှိနေပါသဖြင့် ကုမ္ပဏီ၏ အလုပ်ချိန်ကို အောက်ပါအတိုင်း ပြောင်းလဲထားပါကြောင်း အသိပေး အကြောင်းကြားအပ်ပါတယ်ရှင်။
အဆင်မပြေမှုများအတွက် အနူးအညွှတ်တောင်းပန်အပ်ပါသည်။
| ဌာနအမည် | ရုံးဖွင့်ချိန် | ရုံးပိတ်ချိန် |
| တိုက်ရိုက်ခေါ်ဆိုမှုဖုန်းလိုင်း | နံနက် (၉:ဝဝ) နာရီ | နေ့လည် (၁:ဝဝ) နာရီ |
| အီရွန်ငွေသွင်းကောင်တာ | နံနက် (၈:၃၀) နာရီ | နေ့လည် (၁:ဝဝ) နာရီ |
AEON Microfinance (Myanmar) Co.,Ltd.
ဒုတိယ သုံးနှစ် သစ်ပင် စိုက်ပျိုးရေး စီမံကိန်း၏ ဒုတိယ အကြိမ်မြောက် သစ်ပင်စိုက်ပျိုးပွဲကို AEON သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး ဖောင်ဒေးရှင်း နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့ သဘောတူထားသည့် သစ်ပင်စိုက်ပျိုးရေး စီမံကိန်းကို လှော်ကား ရေလှောင်ကန် အနီးတွင် ဇူလိုင်လ ၈ ရက် ၂၀၁၇ တွင် စိုက်ပျိုးခဲ့ပါသည်။
ယခုနှစ်တွင် သစ်ပင် ၁၃,ဝဝဝ ကို ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံမှ ဧည့်သည် ၁,၂၀ဝ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ AEON အသေးစား ငွေရေးကြေးရေး (မြန်မာ) ကုမ္ပဏီ မှ ဝန်ထမ်းများနှင့် အတူတကွ ပါဝင်စိုက်ပျိုးခဲ့ပါသည်။
အစဉ်တန်ဖိုးထားရပါသော ကျမတို့၏ မိတ်ဟောင်း မိတ်သစ်များ..ရှင်
လူကြီးမင်းတို့၏ ချေးငွေ ပြန်လည်ပေးသွင်းရာတွင် အဆင်ပြေ ချောမွေ့စေရန် ရန်ကုန်မြို့ နှင့် မန္တလေးမြို့ရှိ မြန်မာ့ရှေ့ဆောင်ဘဏ်ခွဲ များတွင် ပေးသွင်းနိုင်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။
ဇူလိုင်လ ၁ ရက်၊ ၂၀၁၇ မှ စတင်၍ အီရွန်ကုမ္မဏီ၏ အလုပ်ချိန်ကို အောက်ပါအတိုင်း ပြောင်းလဲမည်ဖြစ်ပါကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။
| ဝန်ဆောင်မှု | ဝန်ဆောင်မှုပေးသည့်ရက်များ | ယခုဝန်ဆောင်မှုပေးနေသည့်အချိန် | အသစ်ပြောင်းလဲလိုက်သည့် ဝန်ဆောင်မှုပေးမည့်အချိန် |
| အီရွန်ငွေသွင်းကောင်တာ | လစဉ်လတိုင်း ၁ ရက်နေ့မှ ၅ ရက်နေ့ထိ | မနက် (၉:ဝဝ) နာရီ မှ ည (၇:ဝဝ) နာရီ အထိ | မနက် (၈:၃၀) နာရီ မှ ည (၇:ဝဝ) နာရီ အထိ |
| လစဉ်လတိုင်း ၆ ရက်နေ့မှ လကုန် ရက်ထိ | မနက် (၉:ဝဝ) နာရီ မှ ည (၇:ဝဝ) နာရီ အထိ | မနက် (၈:၃၀) နာရီ မှ ည (၆:ဝဝ) နာရီ အထိ |
ကျွန်ုပ်တို့၏ ဝန်ဆောင်မှုကို အသုံးပြုသည့်အတွက် ကျေးဇူးတင်ပါသည်။
AEON Microfinance (Myanmar) Co.,Ltd.
AEON 1% Club foundation သည် စာဖြူစုကျေးရွာကျောင်းဖွင့်ပွဲအခမ်းအနားကို မတ်လ ၂၉ ရက် ၂၀၁၇ တွင် ကျင်းပခဲ့ပါသည်။ မြန်မာနိုင်ငံတွင် ၂၀၁၃ မှ ၂၀၁၄ ခုနှစ်ထိ ကျောင်း ၃၅ ကျောင်းအား ဆောက်လုပ်ထားခဲ့ပြီး ၂၀၁၇ မှ ၂၀၁၉ ခုနှစ်ထိ ကျောင်းပေါင်း ၂၀ အား ထပ်မံဆောက်လုပ်မည်ဖြစ်ပါသည်။
၁၃၇၈/၉ ခုနှစ် ဧပြီလ သြင်္ကန်အချိန်ကာလအတွက် အီရွန်ကုမ္မဏီ၏ အလုပ်ချိန်ကို အောက်ပါအတိုင်း ပြောင်းလဲထားပါကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။
| ဌာနအမည် | ပိတ်ရက် | ရုံးပြန်ဖွင့်ရက် | အချိန် |
|---|---|---|---|
| တိုက်ရိုက်ခေါ်ဆိုမှုဖုန်းလိုင်း | ၁၃ ဧပြီ ၂၀၁၇ မှ ၁၇ ဧပြီ ၂၀၁၇ | ၁၈ ဧပြီ ၂၀၁၇ | မနက် (၉:ဝဝ) နာရီ မှ ည (၇:ဝဝ) နာရီ အထိ |
| အီရွန်ငွေသွင်းကောင်တာ |
အဆင်မပြေမှုများအတွက် အနူးအညွှတ်တောင်းပန်အပ်ပါသည်။
ပျော်ရွှင်ဖွယ်ရာ မြန်မာနှစ်သစ်ဖြစ်ပါစေ
AEON Microfinance (Myanmar) Co., Ltd.
၂၀၁၇ခုနှစ် မတ်လ (၁၁) ရက် (စနေ) နေ့သည် အီရွန်ကုမ္ပဏီဆိုင်ရာ Activity များရှိနေပါသဖြင့် ကုမ္ပဏီ၏အလုပ်ချိန်ကို အောက်ပါအတိုင်း ပြောင်းလဲထားပါကြောင်း အသိပေး အကြောင်းကြားအပ်ပါတယ်ရှင်။
11 March 2017
| ဌာနအမည် | ရုံးဖွင့်ချိန် | ရုံးပိတ်ချိန် |
|---|---|---|
| တိုက်ရိုက်ခေါ်ဆိုမှုဖုန်းလိုင်း | နံနက် (၉:ဝဝ) နာရီ | ညနေ (၅:၃၀) နာရီ |
| အီရွန်ငွေသွင်းကောင်တာ | ||
| Operation Team |
အဆင်မပြေမှုများအတွက် အနူးအညွှတ်တောင်းပန်အပ်ပါသည်။
AEON Microfinance (Myanmar) Co., Ltd.
- ဂျပန်စကားပြောပြိုင်ပွဲကို ဇန်နဝါရီလ ၂၉ ရက် ၂၀၁၇ ခုနှစ်တွင် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ရန်ကုန်၌ မြန်မာနှင့် ဂျပန် နှစ်နိုင်ငံကြား ဘာသာစကား တိုးတက်မှုအတွက် ကျင်းပခဲ့ပါသည်။
- ထိုပြိုင်ပွဲကို Kyoshin Co., Ltd. & Kyoshin JETC Co., Ltd မှ ကြီးမှူးကျင်းပပြီး AEON Microfinance (Myanmar) Co., Ltd မှလည်း Co-sponsor များထဲမှ တစ်ခုအနေဖြင့် ပါဝင် ဆောင်ရွက်ခဲ့ပါသည်။
- ယခုနှစ် ပြိုင်ပွဲဝင်အားလုံးအား ဂုဏ်ယူဝမ်းမြောက်ပြီး ဤပွဲဖြစ်မြောက်အောင် အချိန်ပေး၍ ဝိုင်းဝန်းကူညီပေးကြသော မိသားစုဝင်များနှင့် ပရိတ်သတ်များအားလည်း ကျေးဇူးတင်ရှိပါသည်။
AEON နှင့် KMD သင်တန်းကျောင်းတို့ပူးပေါင်းဝန်ဆောင်မှု အသစ်ဖြစ်သော Education-loan ကို လျှောက်ထားနိုင်ပြီဖြစ်ပါကြောင်း လေးစားရပါသော Customer များအား အသိပေးအကြောင်းကြားအပ်ပါသည်။
AEON ၏ ဝန်ဆောင်မှုများကို အဆင်ပြေလွယ်ကူစွာ အသုံးပြုနိုင်ရန် အတွက် AEON Microfinance ရုံးအား မန္တလေးမြို့ကြီးတွင်လည်း စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ပါကြောင်း အသိပေး အကြောင်းကြားပြုလုပ်ပေးခဲ့ပါသည်။
