လွယ်ကူမြန်ဆန်သော Members Loan အစီအစဉ်သစ်ကို လေးစားရပါသော Customer များအားအသိပေးမိတ်ဆက်ပေးပါရစေ။ အီရွန်၏ ချေးငွေကိုအနည်းဆုံးတစ်ကြိမ် အသုံးပြုထားပြီး လစဉ်ပေးချေမှု ပြီးဆုံးသူများအားလုံးလျှောက်ထားနိုင်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်။ လျှောက်ထားလိုပါက ဤနေရာကို နှိပ်ပါ။
လေးစားရပါသော အီရွန် Customer များအတွက် လစဉ်ချေးငွေပြန်လည်ပေးဆပ်မှု့ လွယ်ကူလျှင်မြန်စေရန် ရည်ရွယ်၍ re-payment channel အသစ်ဖြစ်သော True Money ၏ ငွေလွှဲဝန်ဆောင်မှုစနစ် ဖြင့်မိတ်ဆက်ပေးလိုက်ပါတယ်
True Money အေးဂျင့်၏ လိပ်စာများသိရှိလိုပါက ဤနေရာတွင် Click နှိပ်ပါ
ဇူလိုင်လ (၁၆) ရက်နေ့တွင် အီရွန်ကုမ္ပဏီ၏ CSR Activities များရှိနေပါသဖြင့် အီရွန် ရုံးချုပ်၊ ကောင်တာ နှင့် တိုက်ရိုက်ခေါ်ဆိုမှု့လိုင်းများ အား ခေတ္တခဏရပ်နားထားမည်ဖြစ်ပြီး ဇူလိုင်လ (၁၇) ရက်နေ့ မှစ၍ ပုံမှန်အတိုင်း ပြန်လည် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြား အပ်ပါတယ်။ အဆင်မပြေမှု့များအတွက် အနူးအညွှတ်တောင်းပန်အပ်ပါတယ်
| ၂၀၁၆ ဇူလိုင်လ ၁၆ ရက် စနေနေ့ | ၂၀၁၆ ဇူလိုင်လ ၁၇ ရက် တနင်္ဂနွေနေ့ | ၂၀၁၆ ဇူလိုင်လ ၁၈ ရက် တနင်္ဂလာနေ့ | |
|---|---|---|---|
| Customer Service Hotline | Closed | နံနက် (၉-၀၀) နာရီ မှ ည (၇-၀၀) နာရီထိ | နံနက် (၉-၀၀) နာရီ မှ ည (၇-၀၀) နာရီထိ |
| အီရွန်ကောင်တာ | Closed | Closed | နံနက် (၉-၀၀) နာရီ မှ ညနေ (၅-၃၀) နာရီထိ |
ကျေးဇူးတင်ပါတယ်
AEON Microfinance (Myanmar) Co., Ltd.
| ဌာနများ | ရုံးဖွင့်ချိန် | ရုံးပိတ်ချိန် |
|---|---|---|
| Customer Service Hotline | မနက် (၉) နာရီ | နေ့လည် (၁:၃၀) နာရီ |
| Aeon Counter | မနက် (၉) နာရီ | နေ့လည် (၁:၃၀) နာရီ |
| Operation Team | မနက် (၉) နာရီ | နေ့လည် (၁:၃၀) နာရီ |
AEON Microfinance (Myanmar) Co., Ltd.
AEON အသေးစားချေးငွေဝန်ဆောင်မှုအား AEON Microfinance(Myanmar)Co.,Ltd လက်ရှိအကျိုးတူပူးပေါင်းထားသော Agent ဆိုင်များမှအပမည်သည့်ကိုယ်စားလှယ်တစ်စုံတစ်ဦးကိုမျှ အခကြေးငွေယူ၍တစ်ဆင့်ဝန်မှုပေးထားခြင်းမရှိကြောင်း AEON ချေးငွေလျှောက်ထားသူများသိစေရန် အကြောင်းကြားအပ်ပါသည်။ ထိုကိုယ်စားလှယ် များအနေဖြင့် customer များချေးငွေလျှောက်ထားမှု တွင်တရားမဝင်၊ မမှန်မကန်နည်းလမ်း များဖြင့်ဆောင်ရွက် ပေးနိုင်ပါသည်။ အကယ်၍ လျှောက်ထားသူများနှင့် Agent ဘက်မှ ထိုသို့ကိစ္စရပ်များတွေ့ရှိခဲ့ပါက AEON Hotline 01 8604201-4 သို့ခေါ်ဆို၍သော်လည်းကောင်း၊ ကုမ္ပဏီဝက်ဘ်ဆိုဒ်မှတဆင့်စာပို့၍သော်လည်ကောင်း၊ csinfo@aeoncredit.com.mm သို့အီးမေးလ်ပို့၍ အကြောင်းကြားနိုင်ပါသည်။
လျှောက်ထားသူများ အနေဖြင့် AEON ဝန်ဆောင်မှုရရှိနိုင်မည့် တရားဝင် Agent များမှ စာရွက်စာတမ်းပြည့်စုံစွာဖြင့် လျှောက်ထားနိုင်ပါသည်။ချေးငွေလျှောက်ထားရာတွင် ပူးတွဲ တင်ပြရသော စာရွက်စာတမ်းများအား အတုပြုလုပ်ခြင်း မမှန်မကန်တင်ပြခြင်း၊ သက်ဆိုင်သူများ၏ ခွင့်ပြုချက်မရရှိဘဲသုံးစွဲခြင်း၊ အခြားသူအတွက် ကိုယ်စားလျှောက်ပေးခြင်းများအား တွေ.ရှိပါက မြန်မာနိုင်ငံ တည်ဆဲ ဥပဒေများနှင့်အညီ အရေးယူခြင်း ခံရပါမည်။
AEON Microfinance(Myanmar)Co., Ltd.
၂၀၁၆ ခုနှစ် ဧပြီ (၁) ရက်နေ့သည် ဘဏ်ပိတ်ရက်ဖြစ်ပါသောကြောင့် မတ်လ (၃၁) မတိုင်မီ ငွေပြန်လည်ပေးသွင်းခြင်းများကို ပြုလုပ်နိုင်ပါကြောင်း အသိပေးအကြောင်းကြားပါသည်။
AEON Microfinance (Myanmar) Co.,Ltd.
၂၀၁၆ ခုနှစ် ဧပြီလ သြင်္ကန်အချိန်ကာလအတွက် အီရွန်ကုမ္မဏီ၏ အလုပ်ချိန်ကို အောက်ပါအတိုင်း ပြောင်းလည်းထားပါကြောင်း အသိပေးအကြောင်းကြားအပ်သည်။
| ဝန်ဆောင်မှု | ပိတ်ရက် | ရုံးပြန်ဖွင့်ရက် |
|---|---|---|
| တိုက်ရိုက်ခေါ်ဆိုမှုဖုန်းလိုင်း | ၁၁ ဧပြီ ၂၀၁၆ မှ ၁၈ ဧပြီ ၂၀၁၆ | ၁၉ ဧပြီ ၂၀၁၆ |
| အီရွန်ငွေသွင်းကောင်တာ | ၁၁ ဧပြီ ၂၀၁၆ မှ ၁၈ ဧပြီ ၂၀၁၆ | ၁၉ ဧပြီ ၂၀၁၆ |
ပျော်ရွှင်ဖွယ်ရာ နှစ်သစ်ဖြစ်ပါစေ
AEON Microfinance (Myanmar) Co.,Ltd.
၂၀၁၆ ခုနှစ် မတ်လ (၁၂) ရက်နေ့တွင် အီရွန်ကုမ္မဏီ၏ ကုမ္မဏီဆိုင်ရာ Activity ရှိနေပါသဖြင့် ကုမ္မဏီမှ ဌာနအားလုံး၏ အလုပ်ချိန်များကို နေ့လည် (၁) နာရီ (၃၀) မိနစ်တွင် ရပ်နားသွားမည်ဖြစ်ပါကြောင်း လေးစားစွာအသိပေးအကြောင်းကြားအပ်ပါသည်။
AEON Microfinance (Myanmar) Co.,Ltd.
ယခုလက်ရှိ AEON ကောင်တာနေရာအား ၊ အောက်ဖော်ပြပါ နေရာသစ်သို့ ရွှေပြောင်းဖွင့်လှစ်မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။



မူလနေရာ: အခန်းအမှတ်(G1-18)၊အဆောင်(D) ပထမထပ်၊ ပုလဲကွန်ဒို၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
နေရာသစ်: အခန်းအမှတ်(212)၊အဆောင်(D)ဒုတိယထပ်၊ ပုလဲကွန်ဒို၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

ရုံးချိန်: တနင်္လာနေ့ မှ စနေနေ့ရုံးချိန် နံနက် ၉ နာရီမှ ည ၇ နာရီအတွင်း (အများပြည်သူအားလပ်ရက်မှအပ) လစဉ် လဆန်း(၁)ရက်နေ့မှ (၅)ရက်နေ့ အတွင်း ပိတ်၇က်မရှိ ဝန်ဆောင်မှုပေးလျှက်ရှိပါသည်။
အီရွန်ချေးငွေပြန်လည်ပေးဆပ်မှုအဆင်ပြေချောမွေ.စေရန်အတွက် ၂၀၁၅ ခုနှစ် ဇွန်လ (၄) ရက်နေ့မှစတင်ပြီး ရန်ကုန်တိုင်း (၄၄) မြို.နယ်ရှိ မည်သည့်ကမ္ဘောဇဘဏ်ခွဲမှမဆို ချေးငွေပြန်လည်ပေးသွင်း နိုင်ပါကြောင်း အသိပေးအပ်ပါသည်။
