အီရွန် Customer များ အဆင်ပြေစေရန်အတွက် ဇွန်လ (၄) ရက် ၂၀၁၅ မှစတင်ပြီး KBZ Bank မှ Quick Pay စနစ်အသုံးပြုကာ ချေးငွေပြန်လည်ပေးသွင်းမှုများကိုလက်ခံသွားမည်ဖြစ်ပါသည်။ Quick Pay အသုံးပြုခြင်းဖြင့် ယခင်ချေးငွေပြန်လည်ပေးသွင်းလျှက်ရှိသော Flexcube Branch များမှသာမကဘဲ ရန်ကုန်မြို. တွင်ရှိသော မည်သည့် KBZ ဘဏ်ခွဲမှမဆို ပေးသွင်းနိုင်မည်ဖြစ်ပါသည်။
၂၀၁၅ ခုနှစ် မတ်လ ၂၇ရက် နှင့် ၂၈ရက်နေ့များတွင်ကျင်းပပြုလုပ်ခဲ့သော AEON 1% Club ၏ ကျောင်းဆောင်သစ်များ ဖွင့်လှစ်လှူဒါန်းခဲ့ခြင်းအခမ်းအနား အစီအစဉ်များဖြစ်သော အမှတ်(၄၂)အခြေခံမူလတန်ကျောင်း ၊ လှိုင်သာယာမြို့ နယ် ၊ ရန်ကုန်မြို့ ၊ ရန်ကုန်တိုင်းဒေသကြီး တိုးချဲ့ ဆောင်သစ်ဖွင့်ပွဲ နှင့် ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတမြို့ နယ် “ခရေကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနား” များအား SKYNET(Up To Date Channel) မှအောက်ပါနေ့ရက်အချိန်အတွင်း ထုတ်လွှင့်ပြသသွားမည် ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
ထုတ်လွှင့်ပြသမည့် ရုပ်သံလိုင်း : SKYNET (Up To Date Channel)
| နေ့ရက် | အချိန် | အစီအစဉ် |
|---|---|---|
| ၃၀.၅.၂၀၁၅ | ည ၈:၄၅-၉:၁၀ | ၂၀၁၅ ခုနှစ် မတ်လ ၂၇ရက်တွင်ကျင်းပခဲ့သော အမှတ်(၄၂)အခြေခံမူလတန်ကျောင်း ၊ လှိုင်သာယာမြို့ နယ် ၊ ရန်ကုန်မြို့ ၊ ရန်ကုန်တိုင်းဒေသကြီး တိုးချဲ့ ဆောင်သစ်ဖွင့်ပွဲအစီအစဉ် |
| ၃၁.၅.၂၀၁၅ | ည ၈:၄၅-၉:၁၀ | ၂၀၁၅ ခုနှစ် မတ်လ ၂၈ရက်တွင်ကျင်းပခဲ့သော ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတမြို့ နယ် “ခရေကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနား”အစီအစဉ် |
လေးစားရပါသော လူကြီးမင်းများရှင်,
AEON ကုမ္မဏီ၏ Customer Service Hotline အား နှစ်သစ်ကူးရုံးပိတ်ရက်ဖြစ်သော ဧပြီလ 13 ရက်နေ့မှ 17 ရက်နေ့အထိ ရပ်နားထားမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါတယ်ရှင်။ သြင်္ကန်ကာလအတွင်း အီရွန်ကောင်တာကို ဧပြီလ 13 ရက်မှ 17 ရက်နေ့အထိပိတ်ထားမည်ဖြစ်ပြီး 18 ရက်နေ့မှပြန်လည်စတင်ကာ ပုံမှန်ရုံးဖွင့်ချိန်အတိုင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းအသိပေးအကြောင်း ကြားအပ်ပါသည်။
- အီရွန် Customer များ လစဉ်ငွေပြန်လည်ပေးသွင်းမှုအတွက် အဆင်ပြေချောမွေ.စေရန် ၂၀၁၅ ခုနှစ် ဇန်နဝါရီလ (၅) ရက်နေ့မှစတင်၍ မြန်မာနိုင်ငံရှိ ထိပ်သီးဘဏ်များထဲမှ တစ်ခုဖြစ်သော အာရှစိမ်းလန်းဖွံဖြိုးမှုဘဏ် တွင် လည်း ပြန်လည်ပေးသွင်းမှု လမ်းကြောင်းအသစ်အဖြစ် တိုးချဲ့ခဲ့ပါသည်။
- Customer များအနေဖြင့် ရန်ကုန်မြို.ရှိဘဏ်ခွဲများနှင့် မြန်မာတစ်နိုင်ငံလုံး တွင်ရှိသော ဘဏ်ခွဲများမှတဆင့် ပြန်လည် ပေးသွင်းနိုင်ပါသည်။
- ဘဏ်တည်နေရာများအား အသေးစိတ်သိရှိလိုပါက ဤနေရာသို့ click နှိပ်ပါ။.
![]()
Asia Green Development Bank Limited
၆ ကြိမ်မြောက် ဂျပန် မြန်မာပွဲတော်အား ၂၀၂ဝ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် Thuwana Bhumi Event Park ၌ အောင်မြင်စွာ ကျင်းပခဲ့ပါသည်။ အဆိုပါပွဲတော်သည် ဂျပန် မြန်မာဆက်ဆံရေးကြား ယဉ်ကျေးမှုဖလှယ်သည့် အနေဖြင့် ၂၀၁၄ ခုနှစ်မှစတင်၍ နှစ်နိူင်ငံရှိ ထိပ်တန်းအနုပညာရှင်တို့၏ ဂီတဖျော်ဖြေတင်ဆက်မှုများ၊ စားသောက်ကုန်၊ နှင့် ကုန်ပစ္စည်းပြပွဲစသဖြင့် ပါဝင်ကျင်းပနိူင်ရန် ရည်ရွယ်၍ မြန်မာနိူင်ငံရှိ ဂျပန်သံရုံး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဂျပန်ကုန်သည်ကြီးများအသင်း၊ ရန်ကုန် ဂျပန်အသင်း Nippon, Hoso Kyokai (NHK), DVC နှင့် Dream Vision Company (DVC) တို့မှဦးဆောင်၍ ဆောင်ရွက်ခဲ့ပါသည်။
AEON Group မှလည်း AEON 1% club foundation, AEON Orange, AEON Mall, AEON Credit Service နှင့် AEON Microfinance (Myanmar) မှလည်း လူထုအကျိုးပြုလုပ်ငန်းများနှင့်ပက်သက်သော လုပ်ဆောင်မှုများ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းမှုနှင့် ပက်သက်၍ပိုမိုသိရှိစေရန် ရည်ရွယ်၍ အမေးအဖြေ ပဟေဠိကဏ္ဍကိုလည်း ဆောင်ရွက်ခဲ့ရာ လူဦးရေ ၂၅ဝ ခန့်ပူးပေါင်းပါဝင်ခဲ့ပါသည်။
၇) ကြိမ်မြောက် ဂျပန်စကားပြောပြိုင်ပွဲကို ၂၀၂၀ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် မန္ကလေးမြို့ရှိ နားမကြားသူများကျောင်း၌ မြန်မာနှင့် ဂျပန် နှစ်နိူင်ငံကြား ဘာသာစကားတိုးတက်မှုအတွက် ကျင်းပခဲ့ပါသည်။ ထိုပြိုင်ပွဲကို Kyoshin Co., Ltd. & Kyoshin JETC Co., Ltd. မှကြီးမှုးကျင်းပပြီး AEON Microfinance (Myanmar) Co., Ltd မှလည်း Co-sponsor တစ်ခုအနေဖြင့် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ ယခုနှစ် ပြိုင်ပွဲဝင်အားလုံးအား ဂုဏ်ယူဝမ်းမြောက်ပြီး ဤပွဲဖြစ် မြောက်အောင် အချိန်ပေး၍ ဝိုင်းဝန်းကူညီပေးကြသော မိသားစုဝင်များနှင့် ပရိသတ်များ အားလည်း ကျေးဇူးတင်ရှိပါသည်။
၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက် (အင်္ဂါနေ့) တွင် AEON 1% Club Foundation မှ ၇ ကြိမ်မြောက် ပညာသင်စရိတ်ဆု ချီးမြှင့်ခြင်း အစီအစဉ်အား ကျင်းပခဲ့ပါသည်။ ၂၀၀၆ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံတွင် ပညာသင်စရိတ် ဆုချီးမြှင့်ခြင်းအစီအစဉ်အား စတင်ကျင်းပခဲ့ရာ ယခုနှစ်တွင်လည်း ရန်ကုန်စီးပွားရေး တက္ကသိုလ်နှင့် ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်များတွင် ပညာသင်ကြားနေသော ကျောင်းသူ ကျောင်းသား စုစုပေါင်း ၄၀ ယောက်အား ပညာသင်စရိတ်ထောက်ပံ့ခြင်းများ ပြုလုပ်ပေးခဲ့ပါသည်။ အစီအစဉ်၌ ဆုလက်ခံရရှိသူများမှ ၎င်းတို့ ၏ ရည်မှန်းချက်ပန်းတိုင်များကိုလဲ မျှဝေခဲ့ပါသည်။
၂ဝ၁၉ ခုနှစ် သြဂုတ်လ (၃၁) ရက်နေ့ (စနေနေ့) တွင် AEON ORANGE COMPANY LIMITED, AEON MICROFINANCE (MYANMAR) CO., LTD နှင့် AEON Thana Sinsap (Thailand) PLC တို့ စုပေါင်း၍လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသို့ ဘေးအန္တရာယ်ကျရောက်နေသော ရေဘေးဒုက္ခသည်များအတွက် အရေးပေါ် ရေဘေးကယ်ဆယ်ရေး ငွေကြေးကူညီထောက်ပံ့ လှူဒါန်းမှုများ ပြုလုပ်ခဲ့ပါသည်။
မြန်မာနိုင်ငံတွင် သြဂုတ်လအတွင်း မုတ်သုန်ရာသီဥတု၏ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးခြင်းနှင့် မြေပြိုခြင်းများသည် နိုင်ငံ၏ နေရာတော်တော်များများတွင်ဖြစ်ပွားခဲ့ပြီး သြဂုတ်လ (၂၂) ရက်နေ့ သတင်းအရ လူပေါင်း ၈၀၀၀၀ ခန့်သည် ကယ်ဆယ်ရေးစခန်းပေါင်း (၁၆၀) ကျော်သို့ ပြောင်းရွေ့နေထိုင်ခဲ့ရပါသည်။ အထူးသဖြင့် မွန်ပြည်နယ်၏ အရှေ့တောင်ဘက်၌ မြေပြိုမှုများဖြစ်ပွားခဲ့ပြီး ကမ်းရိုးတန်းဒေသဖြစ်သော ရေးမြို့နယ်တွင် ယာယီထောက်ပံ့ပို့ဆောင်ရေးများ ပြတ်တောက်၍ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအား ဆက်လက်လုပ်ဆောင်လျက်ရှိပါသည်။
ဤအခြေအနေများ ပြန်လည်ကောင်းမွန်လာစေရန် ရည်ရွယ်၍ သြဂုတ်လ (၂၂)ရက်နေ့ (ကြာသာပတေးနေ့) မှ သြဂုတ်လ (၂၈)ရက်နေ့ (ဗုဒ္ဓဟူးနေ့) အထိ AEON Orange နှင့် AEON Microfinance ရုံးခန်းများ အပါအဝင် နေရာပေါင်း (၁၈)နေရာ၌ အရေးပေါ်အထောက်အပံ့ လှူဒါန်းမှုများအတွက် ကောက်ခံမှုများ ပြုလုပ်ခဲ့ပါသည်။
AEON Orange၊ AEON Microfinance၊ AEON Mall နှင့် AEON Thana Sinsap တို့မှ လှူဒါန်းသော ငွေကြေးထောက်ပံ့ငွေများ အပါအဝင် Customer များ၊ ဝန်ထမ်းများမှ လှူဒါန်းငွေ စုစုပေါင်း ဒေါ်လာ(15,000) ကို ကောက်ခံရရှိခဲ့ပါသည်။ AEON 1% Club မှလည်း ရေဘေးကယ်ဆယ်ရေး လုပ်ငန်းများအတွက် ဒေါ်လာ (20,000) ကို ထပ်မံထည့်သွင်း လှူဒါန်းခဲ့ပါသည်။
ကျွနု်ပ်တို့၏ လှူဒါန်းမှုသည် ရေဘေးအန္တရာယ်ကျရောက်နေသော ဒေသမှ လူအများအပြား မကြာမီ အချိန်အတွင်း ပြန်လည်ကောင်းမွန်လာစေရေးအတွက် အထောက်အပံ့တစ်ခု ဖြစ်လိမ့်မည်ပာု မျှော်လင့်ပါသည်။
AEON 1% Club foundation သည် ပထမ ၃ နှစ် စီမံကိန်းတွင် ကျောင်း ၃၅ ကျောင်းကို မြန်မာနိုင်ငံတွင် ဆောက်လုပ်ပေးခဲ့သည်။ ဒုတိယ ၃ နှစ် စီမံကိန်း အနေဖြင့် အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သည့် အဖွဲ့အစည်း တစ်ခုဖြစ်သည့် “ADRA Japan” နှင့် ၂၀၁၉ ခုနှစ်အထိ ပူးပေါင်း ပြီး ကျောင်း ၂၀ တည်ဆောက်ရန် ရည်ရွယ်ထားပါသည်။
မတ်လ ၂၉ရက် ၂၀၁၉ တွင် ငါးအိမ်စုကျေးရွာ၊ တိုက်ကြီးမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် တည်ရှိသော ဆင်စခန်း(၁) အခြေခံပညာ မူလတန်းကျောင်း စာသင်ကျောင်းဆောင်ကို တည်ဆောက်ဖွင့်လှစ်ခဲ့ပြီးပါသည်။
ဂျပန်မြန်မာ ပွဲတော်ကို ဖေဖော်ဝါရီလ ၃ ရက် ၂၀၁၉ ခုနှစ်တွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။ အဆိုပါ ပွဲတော်ကို မြန်မာနိုင်ငံ ရှိ ဂျပန်သံရုံး၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဂျပန် ကုန်သည်ကြီးများ အသင်းနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ မှ (၅) ကြိမ်မြောက် ပြုလုပ်ခဲ့ ကြပါသည်။
ရန်ကုန် ဂျပန်အသင်း Nippon, Hoso Kyokai (NHK), DVC နှင့် ဂျပန်ထိပ်တန်း အနုပညာရှင်များ ဂီတဖျော်ဖြေပွဲ များအပြင် ဂျပန် ကုမ္ပဏီများ၊ စားသောက်ကုန် အမျိုးမျိုးတို့ ပါဝင်ပြသ ခဲ့ကြပါသည်။
AEON Group မှ AEON 1% club foundation, AEON Orange နှင့် AEON Microfinance (Myanmar) မှ CSR လုပ်ဆောင်မှု များ နှင့် နှစ်စဉ် ဆောင်ရွက်မှုများ ပါဝင်ပြသ ခဲ့ပါသည်။ AEON ကုန်အမှတ် တံဆိပ်ဖြစ်သော “TOPVALU” ၏ ထုတ်ကုန်နှင့် အစားအ သောက် များကို AEON Orange မှ စာဖိုမှူးများ ကိုယ်တိုင်ချက်ပြုတ်ပြီး မိတ်ဆက်ပေးခဲ့ကြပါသည်။
AEON Group မှ သဘာ၀ ပတ်ဝန်းကျင် ဆိုင်ရာ ထိန်းသိမ်းမှုနှင့် ပတ်သက်၍ ပိုမို နားလည်စေရန် ရည်ရွယ်ပြီး သဘာ၀ ပတ်ဝန်း ကျင် ဆိုင်ရာ ပဟေဠိကဏ္ဍ တစ်ခုလဲ ပါဝင်ခဲ့ပါသည်။ ထိုကဏ္ဍကို တက်ရောက်လာသူ ဧည့်သည်တော် (၂၅၀)တို့မှလည်း ပူးပေါင်း ပါဝင် ခဲ့ပါသည်။
