(၆) ကြိမ်မြောက် ဂျပန်စကားပြောပြိုင်ပွဲကို ဇန်နဝါရီလ ၁၂ ရက် ၂၀၁၉ ခုနှစ်တွင် သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ၌ မြန်မာနှင့် ဂျပန် နှစ်နိုင်ငံကြား ဘာသာစကားတိုးတက်မှုအတွက်ကျင်းပခဲ့ပါသည်။ ထိုပြိုင်ပွဲကို Kyoshin Co., Ltd. & Kyoshin JETC Co., Ltd. မှ ကြီးမှူးကျင်းပပြီး AEON Microfinance (Myanmar) Co., Ltd မှလည်း Co-sponsor များထဲမှ တစ်ခုအနေဖြင့် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ ယခုနှစ် ပြိုင်ပွဲဝင်အားလုံးအား ဂုဏ်ယူဝမ်းမြောက်ပြီး ဤပွဲဖြစ်မြောက်အောင် အချိန်ပေး၍ ဝိုင်းဝန်းကူညီပေးကြသော မိသားစုဝင်များနှင့် ပရိတ်သတ်များအားလည်း ကျေးဇူးတင်ရှိပါသည်။
ဒီဇင်ဘာလ ၁၁ ရက်နေ့ ၂၀၁၈ (အင်္ဂါနေ့) တွင် AEON 1% Club Foundation မှ ရန်ကုန် စီးပွားရေးတက္ကသိုလ် နှင့် ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ် များတွင် ပညာသင်ကြားနေသည့် ထူးချွန်ထက်မြက်သည့် ကျောင်းသား၊ကျောင်းသူများအတွက် ရည်ရွယ်၍ ပညာသင်စရိတ်ထောက်ပံ့ခြင်းများကို ပြုလုပ်ပေးခဲ့ပါသည်။ AEON ပညာသင်စရိတ် ဆိုသည်မှာ အာရှနိုင်ငံများရှိ တက္ကသိုလ်ကျောင်းသား ကျောင်သူ များ နှင့် ဂျပန်နိုင်ငံတွင် ပညာသင်ကြားနေသော အာရှကျောင်းသားကျောင်းသူများ အတွက် ဆုကြေးငွေပေးအပ် ထောက်ပံ့မှု အစီအစဉ်ဖြစ်သည်။ မြန်မာကျောင်းသား ကျောင်းသူများအတွက် ပညာသင်ဆုချီးမြှင့်သည့် အစီအစဉ်သည် ယခုနှစ်ဆိုလျှင် ၆ ကြိမ်မြောက် ဖြစ်ပါသည်။
၂ဝ၁၈ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့တွင် AEON Orange Company Limited, AEON Microfinance (Myanmar) Co., ltd, AEON Thana Sinsap (Thailand) PLC., နှင့် AEON 1% Club တို့မှ စုစုပေါင်းလှူဒါန်းငွေ USD 34,000 အား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းသို့ ဘေးအန္တရာယ်ကျရောက်နေသော ရေဘေးဒုက္ခသည်များအတွက် လှူဒါန်းခဲ့ပါသည်။
ဂျူလိုင်လတွင် ဖြစ်ပေါ်သောမုတ်သုံရာသီကြောင့် ရေကြီးရေလျှံသောဒေသများတွင် ယာယီရွက်ဖျင်တဲသို့ ပြောင်းရွှေ့နေထိုင်ရသော လူဦးရေ တစ်သိန်းခွဲရှိခဲ့ပါသည်။ အဓိကအားဖြင့် တောင်ဘက်ဒေသများတွင် ရေကြီးမှုကြောင့် ပျက်ဆီးနေသော ဘုရားပုထိုးများနှင့် ယာယီရွက်ဖျင်တဲဖြင့်နေထိုင်သော လူပေါင်းများစွာ ရှိခဲ့ပါသည်။
Aeon Orange Company Limited နှင့် Company ဝန်ထမ်းများမှ လှူဒါန်ငွေ ဒေါ်လာ 2000၊ Aeon Microfinance(Myanamr) Co.,LtD နှင့် Company ဝန်ထမ်းများမှ လှူဒါန်းငွေ ဒေါ်လာ 2000၊ Aeon Thana Sinsap (Thailand) PLC မှ လှူဒါန်းငွေ ဒေါ်လာ 10,000 နှင့် Aeon 1% club မှ လှူဒါန်းငွေ ဒေါ်လာ 20,000 စုစုပေါင်း ဒေါ်လာ (34,000) လှူဒါန်းခဲ့သည်။
ကျွနု်ပ်တို့ AEON မှလှူဒါန်းမှုသည် ရေဘေးအန္တရာယ်ကျရောက်သော ဒေသမှ လူအများအပြား မကြာမီ အချိန်အတွင်း ပြန်လည်ကောင်းမွန်လာစေရေးအတွက် အထောက်အပံ့တစ်ခု ဖြစ်လိမ့်မည်ပာု မျှော်လင့် ပါသည်။
ဒုတိယ သုံးနှစ် သစ်ပင် စိုက်ပျိုးရေး စီမံကိန်း၏ တတိယအကြိမ်မြောက် သစ်ပင်စိုက်ပျိုးပွဲကို AEON သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး ဖောင်ဒေးရှင်း နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့ သဘောတူထားသည့် သစ်ပင်စိုက်ပျိုးရေး စီမံကိန်းကို ရန်ကုန်မြို့ အပြင်ဘက်ရှိလှော်ကား ရေလှောင်ကန် အနီးတွင် ဇူလိုင်လ ၇ ရက် ၂၀၁၈ တွင် စိုက်ပျိုးခဲ့ပါသည်။
ယခုနှစ်တွင် သစ်ပင် ၁၃,ဝဝဝ ကို ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံမှ ဧည့်သည်၁၃,ဝဝ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ AEON အသေးစား ငွေရေးကြေးရေး (မြန်မာ) ကုမ္ပဏီ မှ ဝန်ထမ်းများနှင့် အတူတကွ ပါဝင်စိုက်ပျိုးခဲ့ပါသည်။
AEON 1% Club Foundation သည် ပထမ ၃နှစ် စီမံကိန်းတွင် ကျောင်း ၃၅ကျောင်းကို မြန်မာနိုင်ငံတွင် ဆောက်လုပ်ပေးခဲ့သည်။ ဒုတိယ ၃နှစ် စီမံကိန်း အနေဖြင့်အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သည့် အဖွဲ့အစည်း တစ်ခုဖြစ်သည့် “ADRA Japan” နှင့် ၂၀၁၉ ခုနှစ် အထိ ပူးပေါင်းပြီး ကျောင်း ၂၀ တည်ဆောက်ရန် ရည်ရွယ်ထားပါသည်။
မတ်လ ၂၉ ရက် ၂၀၁၈ တွင် ရန်ကုန်အနောက်တောင်ပိုင်း တွံတေးခရိုင်၌ တည်ရှိသော အိုးဖို (အနောက်) မူလတန်းကျောင်းတွင် ကျောင်းသား ၂၆၀ ဦး သင်ကြားနိုင်သော စာသင်ကျောင်းဆောင်ကို တည်ဆောက်ခဲ့ပါသည်။
ဂျပန်စကားပြောပြိုင်ပွဲကို ဇန်နဝါရီလ ၂၉ ရက် ၂၀၁၈ ခုနှစ်တွင် ဆွံ့အနားမကြားကျောင်း မန္တလေး၌ မြန်မာနှင့် ဂျပန် နှစ်နိုင်ငံကြား ဘာသာစကား တိုးတက်မှုအတွက် ကျင်းပခဲ့ပါသည်။ ထိုပြိုင်ပွဲကို Kyoshin Co., Ltd. & Kyoshin JETC Co., Ltd မှ ကြီးမှူးကျင်းပပြီး AEON Microfinance (Myanmar) Co., Ltd မှလည်း Co-sponsor များထဲမှ တစ်ခုအနေဖြင့် ပါဝင် ဆောင်ရွက်ခဲ့ပါသည်။ ယခုနှစ် ပြိုင်ပွဲဝင်အားလုံးအား ဂုဏ်ယူဝမ်းမြောက်ပြီး ဤပွဲဖြစ်မြောက်အောင် အချိန်ပေး၍ ဝိုင်းဝန်းကူညီပေးကြသော မိသားစုဝင်များနှင့် ပရိတ်သတ်များအားလည်း ကျေးဇူးတင်ရှိပါသည်။
ဒီဇင်ဘာလ ၁၁ ရက်နေ့ ၂၀၁၇ (တနင်္လာနေ့) တွင် AEON 1% Club Foundation မှ ရန်ကုန် စီးပွားရေးတက္ကသိုလ် နှင့် ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ် များတွင် ပညာသင်ကြားနေသည့် ထူးချွန်ထက်မြက်သည့် ကျောင်းသား၊ကျောင်းသူများအတွက် ရည်ရွယ်၍ ပညာသင်စရိတ်ထောက်ပံ့ခြင်း များကိုလည်း ပြုလုပ်ပေးခဲ့ပါသည်။ AEON ပညာသင်စရိတ် ဆိုသည်မှာ အာရှနိုင်ငံများရှိ တက္ကသိုလ်ကျောင်းသား ကျောင်းသူ များ နှင့် ဂျပန်နိုင်ငံတွင် ပညာသင် ကြားနေသော အာရှကျောင်းသားကျောင်းသူများ အတွက် ဆုကြေးငွေပေးအပ် ထောက်ပံ့မှုအစီအစဉ်ဖြစ်သည်။
ဤပညာသင်စရိတ် ထောက်ပံ့မှုအစီအစဉ်သည် ၂၀၀၆ ခုနှစ်တွင် စတင်ခဲ့ပြီး ပါဝင်သူများအားလုံး အနေဖြင့် မိမိတို့ ၏ သက်ဆိုင်ရာနိုင်ငံ တိုးတက်ပြောင်းလဲမှုကို ၎င်းတို့ကျွှမ်းကျင်ရာအခန်းဏ္ဍအသီးသီးမှ အထောက်အကူဖြစ်စေမှာဖြစ်သလို ဂျပန် နိုင်ငံ နှင့်လည်း ချစ်ကြည်ရေး ပိုမိုတိုးတက်ကောင်းမွန်စေရန် ရည်ရွယ်ပါသည်။ ထို့အပြင် ဂျပန်နိုင်ငံ တွင် ပညာသင်ကြား လျှက်ရှိသော ပညာသင်ထောက်ပံ့ကြေးရရှိနှေကြသည့် ကျောင်းသူ၊ကျောင်းသားများ နိုင်ငံတကာအရည်အသွေးတိုးတက်စေရန်ရည်ရွှယ်ကာ နှစ်အလိုက် ငွေကြေးထောက်ပံ့မှု အစီအစဉ်နှင့် လေ့ကျင့်ပျိုးထောင်မှုအစီစဉ်အား ဆောင်ရွက်လျှက်ရှိပါသည်။
ပညာသင်ဆု ပေးအပ်ခြင်း အခမ်းအနား များအား သက်ဆိုင်ရာ နိုင်ငံအသီးသီးတွင်ကျင်းပရာတွင် ဆုရရှိသူများက သူတို့ဖြစ်ချင်သည့် ရည်မှန်းချက်များ အား မိန့်ခွန်းပြောကြား ကြပါသည်။
ဒုတိယ သုံးနှစ် သစ်ပင် စိုက်ပျိုးရေး စီမံကိန်း၏ ဒုတိယ အကြိမ်မြောက် သစ်ပင်စိုက်ပျိုးပွဲကို AEON သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး ဖောင်ဒေးရှင်း နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့ သဘောတူထားသည့် သစ်ပင်စိုက်ပျိုးရေး စီမံကိန်းကို လှော်ကား ရေလှောင်ကန် အနီးတွင် ဇူလိုင်လ ၈ ရက် ၂၀၁၇ တွင် စိုက်ပျိုးခဲ့ပါသည်။
ယခုနှစ်တွင် သစ်ပင် ၁၃,ဝဝဝ ကို ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံမှ ဧည့်သည် ၁,၂၀ဝ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ AEON အသေးစား ငွေရေးကြေးရေး (မြန်မာ) ကုမ္ပဏီ မှ ဝန်ထမ်းများနှင့် အတူတကွ ပါဝင်စိုက်ပျိုးခဲ့ပါသည်။
AEON 1% Club foundation သည် စာဖြူစုကျေးရွာကျောင်းဖွင့်ပွဲအခမ်းအနားကို မတ်လ ၂၉ ရက် ၂၀၁၇ တွင် ကျင်းပခဲ့ပါသည်။ မြန်မာနိုင်ငံတွင် ၂၀၁၃ မှ ၂၀၁၄ ခုနှစ်ထိ ကျောင်း ၃၅ ကျောင်းအား ဆောက်လုပ်ထားခဲ့ပြီး ၂၀၁၇ မှ ၂၀၁၉ ခုနှစ်ထိ ကျောင်းပေါင်း ၂၀ အား ထပ်မံဆောက်လုပ်မည်ဖြစ်ပါသည်။
ဆယ်ကျော်သက်လူငယ်များ ပညာသင်ဆုအစီအစဉ်သည် မတူညီသော ယဉ်ကျေးမှုမှတစ်ဆင့် တစ်ဦးနှင့် တစ်ဦး အပြန်အလှန်နားလည်မှုနှင့် ခင်မင်မှုစိတ်ဓါတ်များကို ပျိုးထောင်နိုင်စေရန် ကူညီစေပါသည်။ ဂျပန်နိုင်ငံ နှင့် မြန်မာနိုင်ငံ နှစ်နိုင်ငံကြား အပြန်အလှန် ယဉ်ကျေးမှု ဖလှယ်သည့် အစီအစဉ်သည် ယခုနှစ်ဆိုလျှင် ဒုတိယအကြိမ်မြောက်ဖြစ်ပါသည်။ယခုအကြိမ်တွင် Hokkaido Noboribetsu Akebi အလယ်တန်းကျောင်းနှင့် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ဒဂုံမြို့နယ်မှ ကျောင်းသား၊ ကျောင်းသူများမှာ ယဉ်ကျေးမှုဖလှယ်ရန် အခွင့်အရေးရရှိကြမည်ဖြစ်ပါသည်။
ဂျပန်နိုင်ငံ နှင့် မြန်မာနိုင်ငံ မှ ဆယ်ကျော်သက်ကျောင်းသား သံတမန်များ (နိုဝင်ဘာလ (၁) ရက် မှ (၆) ရက်ထိ)
ဂျပန်နိုင်ငံမှ ကျောင်းသားကျောင်းသူ (၁၆) ယောက်သည် နိုဝင်ဘာလတွင် မြန်မာမိသားစုများနှင့် အတူနေထိုင်ကြမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ ကျောင်းသားကျောင်းသူ (၁၆) ယောက်မှာ ဖေဖော်ဝါရီလတွင် ဂျပန်မိသားစုများနှင့် နေထိုင်မည်ဖြစ်သည်။
