- ပထမ သုံးနှစ် သစ်ပင်စိုက်ပျိုးရေးစီမံကိန်းသည် အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။ နောက်ထပ် သုံးနှစ် အတွက် AEON သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး ဖောင်ဒေးရှင်း နှင့် ရန်ကုန်တိုင်းဒေသ ဝန်ကြီးတို့ သဘောတူထားသည့် သစ်ပင်စိုက်ပျိုးရေး စီမံကိန်းကို လှော်ကားအမျိုးသားဥယျာဉ်အနီးရှိ သစ်တောတွင် ဇူလိုင်လ ၁၆ ရက် ၂၀၁၆ တွင် စိုက်ပျိုးခဲ့ပါသည်။
- ယခုနှစ်တွင် သစ်ပင် ၁၀,ဝဝဝ ကို ဂျပန်မှ ဧည့်သည် ၅၀ဝ ၊ မြန်မာမှ ဧည့်သည် ၁,၁၀ဝ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ထူးချွန်ထက်မြက်သော ပညာသင်ဆုရ ကျောင်းသား ကျောင်းသူများ၊ AEON အသေးစား ငွေရေးကြေးရေး (မြန်မာ) ကုမ္ပဏီ မှ လုပ်ငန်းပါတနာများနှင့် ဝန်ထမ်းများ အတူတကွ ပါဝင်စိုက်ပျိုးခဲ့ပါသည်။
ပညာသင်ဆု အစီအစဉ် သည် AEON 1% Club Foundation မှ ပေးအပ်သော နောင်လာမည့် အနာဂတ်၏ မျိုးဆက်သစ်ခေါင်းဆောင်များ ဖြစ်လာ နိုင်သည့် ထူးချွန်ထက်မြက်သော အာဆီယံ ကျောင်းသားကျောင်းသူ များအား ပညာသင်ဆုချီးမြှင့်သည့် အစီအစဉ် ဖြစ်သည်။ဤအစီအစဉ်အား စတင်တည်ထောင်သည့် အချိန်မှစ၍ အာဆီယံ ကျောင်းသား ကျောင်းသူ ပေါင်း ၂၃၉ ဦးအား ဂျပန်နိုင်ငံတွင် ထောက်ပံ့ပေးခဲ့ပြီး ဖြစ်သည်။ ထို့အပြင် ၂၀၁၃ ခုနှစ်မှစတင်၍ ရန်ကုန် စီးပွားရေးတက္ကသိုလ် နှင့် ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ်များတွင် ပညာသင်ကြားနေသော ထူးချွန် ထက်မြက်သည့် ကျောင်းသား၊ကျောင်းသူများ အတွက် ပညာသင်စရိတ် ထောက်ပံခြင်း များကိုလည်း ပြုလုပ် ပေးခဲ့ ပါသည်။
ဤအစီအစဉ်သည် ပညာရေး အထောက်အပံ့များ ရှားပါးသော အာရှ၏ ဒေသများတွင် ကျောင်း တည်ဆောက်ရေး အား ထောက်ပံ့ပေးသည့် အစီအစဉ်ဖြစ်သည်။ဂျပန်လူမျိုးများလည်း ကျောင်းဆောင်သစ် ဖွင့်လှစ်သည့် အခမ်းအနားများတွင် ပါဝင်ခဲ့ကြပြီး ၂၀၁၃ ခုနှစ်မှ ၂၀၁၄ ခုနှစ် အတွင်း မြန်မာနိုင်ငံတွင် ကျောင်းပေါင်း ၃၄ ကျောင်း တည်ဆောက်ပေးပြီး ဖြစ်သည်။
ဤအစီအစဉ်သည် ဂျပန်နိုင်ငံ နှင့် အခြားနိုင်ငံများရှိ အထက်တန်းကျောင်းသား၊ ကျောင်းသူအချင်းချင်း ယဉ်ကျေးမှုနှင့် ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်မှု အစီအစဉ်ဖြစ်သည်။ယခုအခါတွင် နိုင်ငံပေါင်း ၁၅ နိုင်ငံမှ အထက်တန်း ကျောင်းသား၊ ကျောင်းသူပေါင်း ၅၉၀ ဦးသည် အာဆီယံလူငယ် သံအမတ်များအနေဖြင့် ဂျပန်နိုင်ငံ သို့ သွားရောက် လေ့လာ ပြီးဖြစ်သည်။
ခြင်းကြောင့် မိသားစုတွင်းရှိ အရွယ်ရောက်ကလေးများ၏ ပညာရေး လစ်ဟင်းမှုများ ရှိနေသည်ကို တွေ့ရှိရ ပါသည်။ ထို့ကြောင့် အီရွန် နှင့် UNICEF တို့မှပူးပေါင်း၍ ကျန်းမာရေး နှင့် အညီ ရေသန့်သုံးစွဲမှု အသိပညာပေး လှုံ့ဆော်မှု အနေဖြင့် ကမ္ဘောဒီးယား၊လာအို နှင့် မြန်မာနိုင်ငံ တို့ရှိ ၁၃၀,၀၀၀ သော ပြည်သူလူထုအား လက်တွေ့သုံးစွဲမှု အသိပေးပွဲများ ပြုလုပ်ကျင်းပခဲ့ပါသည်။
၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံမှ တာဝန်ယူပြုလုပ်ကျင်းပခဲ့သော အာဆီယံဆီးဂိမ်းပြိုင်ပွဲ တွင် ဂျပန်နိုင်ငံ အစိုးရနှင့်အတူ မြန်မာအသင်းသားများ အတွက် ဝတ်စုံ(ယူနီဖောင်း) နှင့် အိတ်များအား လှူဒါန်း ပေးအပ်ခဲ့ပါသည်။
ဤစီမံကိန်းအား စတင်အကောင်အထည်ဖော်သည့် ၁၉၉၀ ခုနှစ်မှစ၍ အီရွန်သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး ဖောင်ဒေးရှင်း သည် နိုင်ငံတစ်နိုင်ငံတိုင်းရှိ စေတနာ့ဝန်ထမ်းများ နှင့် ပူးပေါင်း၍ အာဆီယံနိုင်ငံ များတွင် သစ်ပင်များ စိုက်ပျိုးခဲ့ပြီးဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဖြူးကြီး ရေလှောင်ကန်တွင်လည်း သစ်ပင်စိုက်ပျိုးရေး စီမံကိန်းအား ၂၀၁၃ ခုနှစ် ဂျူလိုင်လ တွင် စတင်၍ စိုက်ပျိုးခဲ့ပါသည်။
၂၀၁၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် AEON 1% Club နှင် UNICEF တို့မှ ပူးပေါင်း၍ ရန်ကုန်မြို့၊အမှတ် (၄၂) အခြေခံမူလတန်းကျောင်း၊ လှိုင်သာယာမြို့ နယ် ၊တိုးချဲ့ကျောင်းဆောင်သစ် ကို ဆောက်လုပ်လှူဒါန်း ပြီးမြောက် ခဲ့ပြီးဖြစ်ပါသည်။
ထို့အတူ၂၀၁၅ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင်လည်း AEON 1% Club Foundation မှလှူဒါန်းသော”ခရေကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနား” အား အောင်မြင်စွာပြီးမြောက်ဖွင့်လှစ်ခဲ့ပါ သည်။
၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံ အနှံ့အပြားတွင် စုစုပေါင်းကျောင်းဆောင်သစ်(၃၅) ကျောင်းအား AEON 1% Club မှဦးစီး၍ ဆောက်လုပ်ခဲ့ပြီး ဖြစ်ပါသည်။
ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် AEON 1% Club မှ ရန်ကုန် စီးပွားရေးတက္ကသိုလ် နှင့် ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ် များတွင် ပညာသင်ကြားနေသည့် ထူးချွန်ထက်မြက်သည့် ကျောင်းသား၊ကျောင်းသူများအတွက် ရည်ရွယ်၍ ပညာသင်စရိတ်ထောက်ပံ့ခြင်း များကိုလည်း ပြုလုပ်ပေးခဲ့ပါသည်။ ဤပညာသင်စရိတ် ထောက်ပံ့မှုအစီအစဉ် ၂၀၁၄ ခုနှစ်တွင် စတင်ခဲ့ပြီး မြန်မာနိုင်ငံ၏ တိုးတက်ပြောင်းလဲမှုကို အထောက်အကူဖြစ်စေမှာဖြစ်သလို ဂျပန်၊ မြန်မာ ချစ်ကြည်ရေး ပိုမိုတိုးတက်ကောင်းမွန်စေရန် ရည်ရွယ်ပါသည်။
