X
Event & News

Warning for broker activities

လေးစားအပ်သော Customer များရှင့်

ကျွန်တော်များ ကုမ္ပဏီအနေဖြင့် တရားဝင်ခွင့်ပြုထားခြင်းမရှိသော လူတချို့သည် ချေးငွေများလျှောက်ထားရာတွင် အသုံးပြုသော စာရွက်စာတမ်းများအား အတုအပပြုလုပ်ကာ လိမ်လည်နေသည်ကို လတ်တလောကာလအတွင်း စစ်ဆေးတွေ့ရှိနေပါသည်။ ထိုသို့ပြုလုပ်ကာ အခကြေးငွေ ၁၀၀၀၀ မှ ၃၀၀၀၀ ကျပ်ကို အသုံးပြုသူများထံမှကောက်ခံရယူနေလျှက်ရှိပါသည်။

ကျွန်တော်များ ကုမ္ပဏီအနေဖြင့် ယခုကဲ့သို့ဝန်ဆောင်မှုများ ခွင့်ပြုခြင်း လုံး၀ (လုံးဝ) မရှိပါ၊ ထိုသို့တရားမဝင်ပြုလုပ်နေသူများအား တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း သတိပေးအပ်ပါသည်။

ထို့အပြင် စာရွှက်စာတမ်းအတုအပပြုလုပ်ခြင်းသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ တည်ဆဲဥပဒေပါ သတ်မှတ်ချက်များအရ ရာဇဝတ်မှုမြောက်သောကြောင့် တစိတ်တဒေသ ဖြစ်စေ၊ အလုံးစုံ ဖြစ်စေ ပါဝင်ပတ်သတ်ခြင်းမရှိကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံ အကြောင်းကြားအပ်ပါသည်။

လေးစားစွာဖြင့်

AEON Microfinance (Myanmar) Co., Ltd.