Print
Category: FAQ
Hits: 3477
  • ၁။ မဖြစ်မနေစုငွေ ဆိုသည်မှာ အဘယ်နည်း?

    မြန်မာနိုင်ငံအသေးစားငွေရေးကြေးရေးဥပဒေသတ်မှတ်ချက်အရ မိမိ၏ချေးငွေအပေါ် ၅% ထက်မပိုသောထားရှိရမည့်စုငွေကိုခေါ်ပါသည်။

  • ၂။ မည်သည့်အကြောင်းအရာကြောင့် Customer များထံမှမဖြစ်မနေစုငွေကိုလက်ခံပါသနည်း?

    Customer များငွေစုသည့်အလေ့အထဖြစ်ထွန်းလာစေရန် နှင့် Customer များ၏ လူနေမှုဘဝကိုထောက်ပံ့ပေးနိုင်ရန်အတွက်ဖြစ်ပါသည်။

  • ၃။ မဖြစ်မနေစုငွေ ပမာဏအတွက် အတိုးနှုန်းမှာမည်မျှနည်း?

    မြန်မာနိုင်ငံအသေးစားငွေရေးကြေးရေးဥပဒေသတ်မှတ်ချက်အရ တစ်နှစ်လျှင် ၁၄% ဖြင့်တွက်ချက်ပေးမည်ဖြစ်ပါသည်။ အသေးစိတ် သိရှိနိုင်ရန်အတွက် ဤနေရာတွင် click နှိပ်ပါ။

  • ၄။ Customer များအနေဖြင့်မိမိချေးငွေအတွက် မဖြစ်မနေစုငွေမည်မျှစုဆောင်းရမည်နည်း။

    Customer များအနေဖြင့်မိမိချေးငွေအတွက် မဖြစ်မနေစုငွေ ၁၀၀၀ ကျပ်ကိုစုဆောင်းရပါမည်။

  • ၅။ AEON မှ မည်သည့်အချိန်ကာလထိ customer များ၏ စုဆောင်းငွေကို လက်ခံထားရှိမည်နည်း?

    Customer များရွေးချယ်ထားသော ချေးငွေကာလ၏နောက်ဆုံးအကြိမ်အထိ စုဆောင်းပေးမည်ဖြစ်ပါသည်။

  • ၆။ Customer များအနေဖြင့် နောက်ဆုံးပေးသွင်းရမည့်အကြိမ်တွင် စုငွေကိုမည်သို့ပြန်လည်ထုတ်ယူနိုင်မည်နည်း?

    AEON အနေဖြင့် Customer များနောက်ဆုံးပေးသွင်းရမည့် ငွေပမာဏမှ မဖြစ်မနေစုငွေကို မြန်မာနိုင်ငံအသေးစားငွေရေးကြေးရေးဥပဒေသတ်မှတ်ချက်အရ တစ်နှစ်လျှင် အတိုးနှုန်း၁၄% ဖြင့်တွက်ချက်ပြီးခုနှိမ်ပေးပါသည်။ သို့ဖြစ်ပါ၍ လူကြီးမင်းအနေဖြင့် နောက်ဆုံးအကြိမ်ငွေပေးသွင်းမည့်အချိန်တွင် မဖြစ်မနေစုငွေအား လျှော့သွင်းပေးပါရန် လေးစားစွာမေတ္တာရပ်ခံအပ်ပါသည်ခင်ဗျာ။