X
သတင်းအချက်အလက်

AEON 1% Club ၏ ကျောင်းဆောင်သစ် ဖွင့်လှစ်လွှဲအပ်ပွဲ အခမ်းအနား (03.10.2015)

၂၀၁၅ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့တွင် AEON 1% Club မှ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၌ ရွှေသပြေ အခြေခံပညာမူလတန်းကျောင်း၊ ငုဝါ အခြေခံပညာမူလတန်းကျောင်း၊ ရွှေပုန်းညက် အခြေခံပညာမူလတန်းကျောင်း တို့အား ဆောက်လုပ်လှူဒါန်း ပြီးမြောက်ခဲ့ပြီး ဖြစ်ပါသည်။

ထိုကျောင်းဆောင်သစ် (၃) ခု ဖွင့်လှစ်လွှဲအပ်ပွဲ အခမ်းအနားသို့ တာဝန်ရှိ လူကြီးများနှင့်တကွ ပညာရေးဝန်ကြီးဌာနမှ အကြီးအကဲများ တက်ရောက်၍ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။

AEON 1% Club သည် ၂၀၁၂ ခုနှစ်မှစ၍ ၃ နှစ်အတွင်း ကျောင်းပေါင်း (၃၀) တည်ဆောက်ရေးစီမံကိန်း အား မြန်မာနိုင်ငံတွင် စတင်ခဲ့ရာ ယခုအချိန်၌ မြန်မာနိုင်ငံနေရာအနှံအပြားရှိ ပညာရေးအထောက်အပံ့ ပိုမိုလိုအပ်နေသေးသော ဒေသများတွင် ကျောင်းပေါင်း (၃၅) ကျောင်းတည်ဆောက်လှူဒါန်းပြီးမြောက်ခဲ့ပြီး ဖြစ်ပါသည်။