X
Event & News

Warning Unofficial Repayment Activity

လေးစားအပ်ပါသော Customer များ

လတ်တလော အီရွန်ကုမ္ပဏီမှ ချိတ်ဆက်ခွင့်ပြုထားခြင်းမရှိသော Repayment Channel များမှချေးငွေပြန်လည်ပေးသွင်းရန် လိမ်လည်တောင်းခံနေသည်ကို စစ်ဆေးတွေ့ရှိရပါသည်။

ထိုသို့လိမ်လည်မှုများကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ တည်ဆဲဥပဒေပါ သတ်မှတ်ချက်များအရ ရာဇဝတ်မှုမြောက်သောကြောင့် တစိတ်တဒေသဖြစ်စေ၊ အလုံးစုံဖြစ်စေ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည်ဖြစ်သည်။ Customer များ ထိုသို့တွေ့ရှိခဲ့ပါက အီရွန်၏ Customer Service Hotline ဖြစ်သော 01-9345466သို့ ဆက်သွယ် အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံ အကြောင်းကြား အပ်ပါသည်။

အီရွန် ကုမ္ပဏီအနေဖြင့် Customer များ လွယ်ကူချောမွေ့စွာ ချေးငွေပြန်လည်ပေးသွင်းရန်အတွက် Repayment Channel များဖြစ်သော KBZ, CB, AYA, UAB, AGD, MAB ဘဏ်များ၊ KBZ, CB, AYA မိုလ်ဘိုင်းဘဏ်ဝန်ဆောင်မှုများ၊ KBZ, AYA, UAB အင်တာနက်ဘဏ်ဝန်ဆောင်မှုများ၊ Ongo မိုလ်ဘိုင်းဝန် ဆောင်မှုများ၊ True Money ဆိုင်များနှင့် Ongo ဆိုင်များနှင့်သာ ချိတ်ဆက်ခွင့်ပြုထားပြီးဖြစ်ပါသည်။ ချိတ်ဆက် ထားသော Repayment Channel မှ ချေးငွေပြန်လည်ပေးသွင်းမှုအကြိမ်တိုင်းအတွက် ငွေသွင်းလက်ခံဖြတ်ပိုင်းများ တရားဝင်ထုတ်ပေးပါသည်။

လေးစားစွာဖြင့်

AEON Microfinance (Myanmar) Co., Ltd.