X
Event & News

AEON Scholarship Program 2019

၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက် (အင်္ဂါနေ့) တွင် AEON 1% Club Foundation မှ ၇ ကြိမ်မြောက် ပညာသင်စရိတ်ဆု ချီးမြှင့်ခြင်း အစီအစဉ်အား ကျင်းပခဲ့ပါသည်။ ၂၀၀၆ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံတွင် ပညာသင်စရိတ် ဆုချီးမြှင့်ခြင်းအစီအစဉ်အား စတင်ကျင်းပခဲ့ရာ ယခုနှစ်တွင်လည်း ရန်ကုန်စီးပွားရေး တက္ကသိုလ်နှင့် ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်များတွင် ပညာသင်ကြားနေသော ကျောင်းသူ ကျောင်းသား စုစုပေါင်း ၄၀ ယောက်အား ပညာသင်စရိတ်ထောက်ပံ့ခြင်းများ ပြုလုပ်ပေးခဲ့ပါသည်။ အစီအစဉ်၌ ဆုလက်ခံရရှိသူများမှ ၎င်းတို့ ၏ ရည်မှန်းချက်ပန်းတိုင်များကိုလဲ မျှဝေခဲ့ပါသည်။