X
Event & News

ချေးငွေပြန်လည်ပေးသွင်းမှုနှင့် သက်ဆိုင်သော အသိပေးအချက်အလက်များ

ချေးငွေပြန်လည်ပေးသွင်းမှု အဆင်ပြေလွယ်ကူစေရန် AEON မှ Payment Channel များ နှင့် ပူးပေါင်းဆောင်ရွက်ထားပြီးဖြစ်ပါသည်။ အီရွန်သို့ ချေးငွေပြန်လည်ပေးသွင်းနိုင်သော Payment Channel များမှာ ကမ္ဘောဇဘဏ်, CBဘဏ်, ဧရာဝတီဘဏ်, ယူနိုက်တက်အမရာဘဏ်, AGDဘဏ်, မြန်မာ့ရှေ့ဆောင်ဘဏ်, True money, Ongo, Wave Money, Pay Here နှင့် Near Me ဆိုင်များမှတဆင့် လစဉ်ပြန်လည် ပေးဆပ်မှုကို ပြုလုပ်နိုင်ပါသည်။ AEON နှင့် တရားဝင်ပူးပေါင်းဆောင်ရွက်ထားသော Payment Channel များကို အောက်ပါလင့်တွင် အသေးစိတ် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ https://www.aeonmicrofinance.com.mm/mm/repayment/payment-channel

ယခုအခါ အချို့သော အဖွဲ့အစည်းများ (သို့မဟုတ်) လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ခြင်းအနေဖြင့် ၎င်းတို့၏ အကျိုးစီးပွားအလို့ဌာ AEON နာမည်အသုံးပြု၍ လူမှုကွန်ယက်မှဖြစ်စေ၊ ဖုန်းဖြင့်တိုက်ရိုက်ဆက်သွယ်၍ဖြစ်စေ ၎င်းတို့၏အကောင့်များသို့ ပေးသွင်းရန်တောင်းခံခြင်းများအားပြုလုပ်နေသည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် AEON အကောင့်မှလွဲ၍ အခြားအကောင့်များသို့ ငွေလွဲခိုင်းခြင်းများ လုံး၀ (လုံးဝ) မရှိပါကြောင်းနှင့် ချေးငွေပြန်လည်ပေးသွင်းရာ၌လည်း AEON မှပေးပို့ထားသော ဂဏန်း(၁၆)လုံးနှင့် ဖုန်းနံပါတ်များကို မဖြစ်မနေဖြည့်စွက်ပြီးမှသာ ပေးသွင်းရမည်ဖြစ်ကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။ AEON မဟုတ်ပဲ အခြားအကောင့်များသို့ ငွေလွဲခိုင်းခြင်းများအား တွေ့ကြုံလာပါက AEON ၏ Hotline ဖြစ်သော 09 969 712 111 (သို့) AEON official Facebook chat box (သို့) csinfo@aeoncredit.com.mm မှတဆင့် အကြောင့်ကြားပေးပါရန် အသိပေး မေတ္တာရပ်ခံအပ်ပါသည်။