X
Event & News

Temporary Suspension of AEON Service

လတ်တလောတွင် ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ထားသော COVID-19 ရောဂါ မြန်မာနိုင်ငံအတွင်း မပြန့်ပွားစေရန်အတွက် ပြည်သူပြည်သားများအနေဖြင့် ပါဝင်ထိန်းသိမ်းခြင်း ပြုလုပ်နိုင်ရန် AEON Microfinance (Myanmar) Co.,Ltd. ၏ အောက်ဖော်ပြပါဝန်ဆောင်မှုများကို ခေတ္တရပ်ဆိုင်းထားမည်ဖြစ်ကြောင်း လေးစားစွာဖြင့် အသိပေးအပ်ပါသည်။ ဝန်ဆောင်မှုနှင့် ပတ်သက်၍ ပြန်လည်ဆောင်ရွက်မည့်နေ့များ ပြောင်းလဲမှုရှိခဲ့ပါက ထပ်မံအသိပေးကြေငြာသွားမည်ဖြစ်ပါသည်။ တိုက်ရိုက်ခေါ်ဆိုမှုဖုန်းလိုင်း ခေတ္တရပ်ဆိုင်းထားစဉ် တစ်စုံတစ်ရာ စုံစမ်းမေးမြန်းလိုပါက AEON Facebook Page Chat Box နှင့် AEON Mobile Chat System တွင် Message ချန်ထားခြင်းဖြင့် စုံစမ်းမေးမြန်းနိုင်ပါသည်။ ပြန်လည်ဖြေကြားရာ၌ အဆင်မပြေမှုများ နှောင့်နှေးမှုများရှိခဲ့ပါက အနူးအညွှတ်တောင်းပန်အပ်ပါသည်။

၀န်ဆောင်မှုများ ရပ်ဆိုင်းမည့်နေ့ ပြန်လည်ဆောင်ရွက်မည့်နေ့
S-Loan ဝန်ဆောင်မှု ၃ရက် ဧပြီလ ၂၀၂၀ခုနှစ် ထပ်မံကြေငြာမည်
AEON ရုံးခွဲများ ၄ရက် ဧပြီလ ၂၀၂၀ခုနှစ် ၂၇ရက် ဧပြီလ ၂၀၂၀ခုနှစ်
တိုက်ရိုက်ခေါ်ဆိုမှု ဖုန်းလိုင်း ၆ရက် ဧပြီလ ၂၀၂၀ခုနှစ် ၂၇ရက် ဧပြီလ ၂၀၂၀ခုနှစ်

-

AEON Microfinance (Myanmar)Co., Ltd.