ကျောင်းတည်ဆောက်ရေးထောက်ပံ့မှု စီမံကိန်း
AEON 1% Club Foundation သည် ပထမ ၃နှစ် စီမံကိန်းတွင် ကျောင်း ၃၅ကျောင်းကို မြန်မာနိုင်ငံတွင် ဆောက်လုပ်ပေးခဲ့သည်။ ဒုတိယ ၃နှစ် စီမံကိန်း အနေဖြင့်အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သည့် အဖွဲ့အစည်း တစ်ခုဖြစ်သည့် “ADRA Japan” နှင့် ၂၀၁၉ ခုနှစ် အထိ ပူးပေါင်းပြီး ကျောင်း ၂၀ တည်ဆောက်ရန် ရည်ရွယ်ထားပါသည်။
မတ်လ ၂၉ ရက် ၂၀၁၈ တွင် ရန်ကုန်အနောက်တောင်ပိုင်း တွံတေးခရိုင်၌ တည်ရှိသော အိုးဖို (အနောက်) မူလတန်းကျောင်းတွင် ကျောင်းသား ၂၆၀ ဦး သင်ကြားနိုင်သော စာသင်ကျောင်းဆောင်ကို တည်ဆောက်ခဲ့ပါသည်။
