အမေးအဖြေ
သင့်အတွက် မေးခွန်းနှင့် အဖြေများ
အောက်တွင်ဖော်ပြထားသော မေးခွန်းများကို နှိပ်၍ လိုအပ်သော အဖြေများကို ရှာဖွေနိုင်ပါသည်။
မြန်မာနိုင်ငံအသေးစားငွေရေးကြေးရေးဥပဒေသတ်မှတ်ချက်အရ မိမိ၏ချေးငွေအပေါ် ၅% ထက်မပိုသောထားရှိရမည့်စုငွေကိုခေါ်ပါသည်။
Customer များငွေစုသည့်အလေ့အထဖြစ်ထွန်းလာစေရန် နှင့် Customer များ၏ လူနေမှုဘဝကိုထောက်ပံ့ပေးနိုင်ရန်အတွက်ဖြစ်ပါသည်။
မြန်မာနိုင်ငံအသေးစားငွေရေးကြေးရေးဥပဒေသတ်မှတ်ချက်အရ တစ်နှစ်လျှင် ၁၄% ဖြင့်တွက်ချက်ပေးမည်ဖြစ်ပါသည်။ အသေးစိတ် သိရှိနိုင်ရန်အတွက် ဤနေရာတွင် click နှိပ်ပါ။
Customer များအနေဖြင့်မိမိချေးငွေအတွက် မဖြစ်မနေစုငွေ ၁၀၀၀ ကျပ်ကိုစုဆောင်းရပါမည်။
Customer များရွေးချယ်ထားသော ချေးငွေကာလ၏နောက်ဆုံးအကြိမ်အထိ စုဆောင်းပေးမည်ဖြစ်ပါသည်။
AEON အနေဖြင့် Customer များနောက်ဆုံးပေးသွင်းရမည့် ငွေပမာဏမှ မဖြစ်မနေစုငွေကို မြန်မာနိုင်ငံအသေးစားငွေရေးကြေးရေးဥပဒေသတ်မှတ်ချက်အရ တစ်နှစ်လျှင် အတိုးနှုန်း၁၄% ဖြင့်တွက်ချက်ပြီးခုနှိမ်ပေးပါသည်။ သို့ဖြစ်ပါ၍ လူကြီးမင်းအနေဖြင့် နောက်ဆုံးအကြိမ်ငွေပေးသွင်းမည့်အချိန်တွင် မဖြစ်မနေစုငွေအား လျှော့သွင်းပေးပါရန် လေးစားစွာမေတ္တာရပ်ခံအပ်ပါသည်ခင်ဗျာ။
အီရွန်၏ Customer Service Hotline ဖြစ်သော ၀၉ ၉၆၉ ၇၁၂ ၁၁၁ (နံနက် ၉း၀၀ နာရီမှ ညနေ ၅း၃၀ နာရီအထိ) မှတဆင့် ဆက်သွယ်နိုင်ပါသည်။ လတ်တလောတွင် System Enhancement ပြုလုပ်နေပါသောကြောင့် AEON ဝန်ဆောင်မှုများအား ခေတ္တဆိုင်းငံ့ထားပါတယ်ခင်ဗျာ။ ၀န်ဆောင်မှုများပြန်လည်ဆောင်ရွက်သည့်အချိန်တွင် ထပ်မံ၍အသိပေးကြေငြာပေးသွားပါမည်ခင်ဗျာ။ အဆင်မပြေမှုများအတွက် အနူးအညွတ်တောင်းပန်အပ်ပါတယ်ခင်ဗျာ။
အီရွန် Customer Service Hotline ကို နေ့စဉ် နံနက် ၉း၀၀ နာရီမှ ညနေ ၅း၃၀ နာရီအထိ (တနင်္လာ မှ တနင်္ဂနွေအထိ) ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။ လတ်တလောတွင် System Enhancement ပြုလုပ်နေပါသောကြောင့် AEON ဝန်ဆောင်မှုများအား ခေတ္တဆိုင်းငံ့ထားပါတယ်ခင်ဗျာ။ ၀န်ဆောင်မှုများပြန်လည်ဆောင်ရွက်သည့်အချိန်တွင် ထပ်မံ၍အသိပေးကြေငြာပေးသွားပါမည်ခင်ဗျာ။ အဆင်မပြေမှုများအတွက် အနူးအညွတ်တောင်းပန်အပ်ပါတယ်ခင်ဗျာ။
မြန်မာနိုင်ငံ အသေးစားငွေရေးကြေးရေး ဥပဒေအရ နှစ်စဉ်အမှန်ထိရောက် အတိုးနှုန်းကို ၂၈%ထက် မပိုသော အတိုးနှုန်းဖြင့် တွက်ချက်ပါသည်။ အတိုးနှုန်းအား အသေးစိတ် တွက်ချက်နိုင်ရန် ဤနေရာတွင် click နှိပ်ပါ။
ချေးငွေလျှောက်ထား သူမှ ဝန်ဆောင်ခကို ချေးငွေပမာဏပေါ်မူတည်၍ လျှောက်လွှာ လျှောက်ထားရာ နေရာတွင် ပေးသွင်းရမည်။ အကယ်၍ ချေးငွေလျှောက်လွှာ အတည်ပြုချက် မရခဲ့လျှင် ထိုဝန်ဆောင်ခမှာပေးဆောင်ရန် မလိုပါ။ အသေးစိတ် သိရှိနိုင်ရန်အတွက် ဤနေရာတွင် click နှိပ်ပါ။
ချေးငွေလျှောက်ထား သူမှ ဝန်ဆောင်ခကို ချေးငွေပမာဏပေါ်မူတည်၍ လျှောက်လွှာ လျှောက်ထားရာ နေရာတွင် ပေးသွင်းရမည်။ အကယ်၍ ချေးငွေလျှောက်လွှာ အတည်ပြုချက် မရခဲ့လျှင် ထိုဝန်ဆောင်ခမှာ ပေးဆောင်ရန် မလိုပါ။ အသေးစိတ် သိရှိနိုင်ရန်အတွက် ဤနေရာတွင် clickနှိပ်ပါ။
EON S-Loan Scheme အား လိုအပ်သော စာရွက်စာတမ်းများနှင့် အတူ အီရွန်၏ ချေးငွေလျှောက်ထားရာ နေရာများမှ တဆင့် လျှောက်ထားနိုင် ပါသည်။ အသေးစိတ် သိရှိလို ပါက ဤ နေရာတွင် click နှိပ်ပါ။
အီရွန် S-Loan ဝန်ဆောင်မှု ရယူနိုင်ရန်အတွက် ပါဝင်သူများမှာ လျှောက်ထားသူကိုယ်တိုင်နှင့် အာမခံပေးသူ စုစုပေါင်း၂ဦး လိုအပ်ပါသည်။
အီရွန် S-Loan ဝန်ဆောင်မှုလျှောက်ထားရန်အတွက် လျှောက်ထားသူနှင့် အာမခံသူမှာ အသက် ၁၈နှစ်ပြည့်ပြီးသူ အသက်၆၀နှစ်အောက်များဖြစ်ရမည်။ အခြားစည်းမျဉ်းစည်းကမ်းသတ်မှတ်ချက် နှင့်ပတ်သက် ၍ အသေးစိတ် သိရှိလိုပါက ဤ နေရာ တွင် click နှိပ်ပါ။
အီရွန်၏ စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်အရ ကျောင်းသူ ကျောင်းသားများ လျှောက်ထားခွင့်မရှိသေးပါ။ ကျောင်းသား ကျောင်းသူ များအတွက် AEON နှင့် အတူပူးပေါင်း လုပ်ဆောင် ချိတ်ဆက်ပြီး ဖွင့်လှစ်ထားသော သင်တန်းများတွင် S-Loan (Education) အစီအစဉ်ဖြင့် တက်ရောက်နိုင်ပါသည်။ အသေးစိတ်သိရှိရန်အတွက်click နှိပ်ပါ။
အီရွန် S-Loan ရယူရန် Customer မှ အီရွန်၏ ချေးငွေလျှောက်ထားရာ နေရာမှတဆင့် ပစ္စည်းအမျိုးအစား ၁ခုကိုလျှောက်ထားနိုင်ပါသည်။
လျှောက်လွှာတိုင်း အတွက် အတည်ပြုချက်မပေးပါ။ အီရွန်မှ သတ်မှတ်ထား သောစည်းမျဉ်းများ နှင့်ကိုက်ညီမှုရှိသော လျှောက်လွှာများ အတွက်သာ အတည်ပြုချက် ပေးပါသည်။
အီရွန်မှ ချေးငွေလျှောက်လွှာ အတွက်အခြေအနေကို လျှောက်ထားသူ၏ မိုဘိုင်းဖုန်းသို့ မက်ဆေ့ပို့ပြီး အကြောင်းကြား ပေးမည်ဖြစ်ပါသည်။ အသေးစိတ် သိရှိလိုပါက csinfo@aeoncredit.com.mm သို့ မေးလ် ပို့၍ သော်လည်းကောင်း ၀၉ ၉၆၉ ၇၁၂ ၁၁၁ သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။
လျှောက်ထားသူကိုယ်တိုင် မှတ်ပုံတင်မူရင်း နှင့်အတူ မိုဘိုင်းမှ မက်ဆေ့ကိုပြ၍ ချေးငွေဝန်ဆောင်မှုကို အသုံးပြုရ ယူရမည်ဖြစ်ပါသည်။
လျှောက်ထားသူသည် အီရွန်မှ ချပေးသော ချေးငွေဝန်ဆောင်မှုကို ၁၅ရက်အတွင်း ထုတ်ယူအသုံးယူနိုင်ပါသည်။
အီရွန်မှ အကြောင်းအမျိုးမျိုးကြောင့် မက်ဆေ့ဒ်မရရှိပါက Customer Service Hotline ဖြစ်သော ၀၉ ၉၆၉ ၇၁၂ ၁၁၁ သို့ဆက်သွယ်ပြီး လျှောက်ထားသူ ကိုယ်တိုင် အ သေးစိတ် စုံစမ်း မေးမြန်းနိုင်ပါသည်။
အီရွန် S-Loan Scheme နှင့် ပက်သက်ပြီး customer များ၏ ချေးငွေလျှောက်လွှာတင်မှု ကိစ္စများအား AEON နှင့် အတူပူးပေါင်း လုပ်ဆောင်သည့် လုပ်ငန်းမှာ AEON application points ဖြစ်ပြီး လိပ်စာများအား အသေးစိတ် သိရှိလို ပါက ဤ နေရာတွင် click နှိပ်ပါ။
ရွန် S-Loan လျှောက်ထားရန်အတွက် လိုအပ်သောစာရွက်စာတမ်းများ အသေးစိတ် သိရှိနိုင်ရန်အတွက် ဤနေရာကိုclick နိပ်ပါ။
ပြန်လည်ပေးဆပ်မှုကာလ နှင့် စည်းမျဉ်းသတ်မှတ်ချက်များအား အသေးစိတ်သိရှိလိုပါက ဤနေရာ တွင် click နှိပ်ပါ။
အီရွန်သို့ ချေးငွေပြန်လည်ပေးသွင်းနိုင်သော နေရာများမှာ AYA, KBZ, UAB, AGD, MAB အစရှိသော Bank များ။ AEON အမှတ်တံဆိပ်ပါရှိသည့် Mobile Money Service များဖြစ်သော True Money, Wave Money, Near Me ဆိုင်များနှင့် အခြားသော CB Pay, KBZ Pay, AYA Pay, Onepay အစရှိသည့် Mobile Application များမှတစ်ဆင့်လည်း လစဉ်ပြန်လည် ပေးဆပ်မှုကို ပြုလုပ်နိုင်ပါသည်။ Mobile Banking ဖြင့် ပြန်လည်ပေးသွင်းလိုပါက KBZ နှင့် AYA Mobile Banking များမှတစ်ဆင့် ပြန်လည်ပေးသွင်းနိုင်သည်။ iBanking ဖြင့် ပြန်လည်ပေးသွင်းလိုပါက UAB, KBZ နှင့် AYA iBanking များမှတစ်ဆင့် ပြန်လည်ပေးသွင်းနိုင်ပါသည်။ ဘဏ်တည်နေရာများနှင့် ချေးငွေပေးသွင်းနိုင်ပုံ အချက်လက်များအား အသေးစိတ်သိရှိလိုပါက, ဤနေရာ တွင် click နှိပ်ပါ။
အီရွန်သို့ ချေးငွေပြန်လည်ပေးသွင်းနိုင်သော နေရာများမှာ AYA, KBZ, AGD, MAB အစရှိသော Bank များ။ AEON အမှတ်တံဆိပ်ပါရှိသည့် Mobile Money Service များဖြစ်သော True Money, Wave Money, Near Me ဆိုင်များနှင့် အခြားသော CB Pay, KBZ Pay, AYA Pay, Onepay အစရှိသည့် Mobile Application များမှတစ်ဆင့်လည်း လစဉ်ပြန်လည် ပေးဆပ်မှုကို ပြုလုပ်နိုင်ပါသည်။ Mobile Banking ဖြင့် ပြန်လည်ပေးသွင်းလိုပါက KBZ နှင့် AYA Mobile Banking များမှတစ်ဆင့် ပြန်လည်ပေးသွင်းနိုင်သည်။ iBanking ဖြင့် ပြန်လည်ပေးသွင်းလိုပါက UAB, KBZ နှင့် AYA iBanking များမှတစ်ဆင့် ပြန်လည်ပေးသွင်းနိုင်ပါသည်။ ဘဏ်တည်နေရာများနှင့် ချေးငွေပေးသွင်းနိုင်ပုံ အချက်လက်များအား အသေးစိတ်သိရှိလိုပါက, ဤနေရာ တွင် click နှိပ်ပါ။
ဟုတ်ကဲ့။ KBZ Pay, AYA Pay, CB Pay, KBZ mobile banking, AYA mobile banking နှင့် KBZ, AYA, UAB internet banking များမှတဆင့် ချေးငွေ ပြန်လည်ပေးသွင်းနိုင်ပါသည်။ ထို့အပြင် Wave Money mobile app, Onepay mobile app နှင့် 2C2P (Near Me) mobile app ဖြင့်လည်း ပေးသွင်းနိုင်ပါသည်။
၄။ Customer အတွက် အခြားသူတစ်ဦးဦးမှ ကိုယ်စားပေးသွင်းလို့ရပါသလား?
ဟုတ်ကဲ့။ အခြားသူတစ်ဦးဦးမှ ကိုယ်စားပေးသွင်းနိုင်ပါတယ်။ သို့ပေမဲ့ ကိုယ်စားပေးသွင်းသူသည် ငွေပေးသွင်းသည့်အခါတွင် အမှန်တကယ်ငွေပေးသွင်းရမည့်သူ၏ အချက်အလက်များကို တိကျစွာပြောပြပေးဖို့လိုပါတယ်ခင်ဗျာ။ (လျှောက်ထားသူ၏နာမည်၊ ဂဏန်း 16လုံး နှင့် ပေးသွင်းငွေပမာဏ)
Customer မှ အီရွန် Customer Service Hotline ၀၉ ၉၆၉ ၇၁၂ ၁၁၁ သို့ဆက်သွယ်ပြီး မှားယွင်းပေးသွင်းမှုအတွက် အကြောင်းကြားပေးရမှာဖြစ်ပါတယ်။ သို့မှသာ ငွေပေးသွင်းမှုအတွက် မှန်ကန်သော အချက်အလက်များဖြင့် အီရွန်မှ ဆက်လက် ဆောင်ရွက်ပေးသွားမှာဖြစ်ပါသည်။
