X
AEON Microfinance (Myanmar) အကြောင်း

ကုမ္ပဏီ၏ သမိုင်းကြောင်း

အီရွန်မိုက်ခရိုဖိုင်းနက် (စ်) မြန်မာကုမ္ပဏီလီမိတက်သည် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ (၂) ရက် နေ့တွင် ကုမ္ပဏီ မှတ်ပုံတင်အမှတ် ၁၇၆ / FC ဖြင့်မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုတွင် မှတ်ပုံတင်ရရှိခဲ့ပြီး အသေးစားငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်အမှတ် ၀၁၃၂/၂၀၁၃ ရက်စွဲ ၈-၀၂-၂၀၁၃ ဖြင့်လုပ်ကိုင်ခွင့် ရရှိပြီး အသေးစား ငွေရေးကြေးရေး လုပ်ငန်းကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ (၄၄) မြို့နယ်အတွင်း နှင့် မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ (၇) မြို့နယ်အတွင်း လုပ်ကိုင်ခဲ့ပါသည်။ အီရွန်မိုက်ခရိုဖိုင်းနက် (စ်) မြန်မာကုမ္ပဏီလီမိတက်၏ ရင်းနှီးမတည်ငွေ နှင့်အများဆုံးသော ရှယ်ယာများကို လည်း AEON Thana Sinsap (Thailand) Public Co., Ltd မှထည့်သွင်းပိုင်ဆိုင် ထားပါသည်။ AEON Thana Sinsap (Thailand) Public Co., Ltd ၏ မိခင်ကုမ္ပဏီမှာ ဂျပန်နိုင်ငံတွင် စတင်တည်ထောင်ခဲ့သော ကုမ္ပဏီ တစ်ခုဖြစ်သည့် AEON Financial Services ဖြစ်ပြီး ဂျပန်နိုင်ငံ၏ stock share တွင် စာရင်းဝင် ကုမ္ပဏီ တစ်ခုဖြစ်ပါသည်။ ယခုအခါတွင် AEON Financial Co., Ltd သည် ဝန်ထမ်းပေါင်းသုံးသိန်းကျော် ဖြင့် ဂျပန်နိုင်ငံ၏ နံပါတ်တစ်ထိပ်တန်း Credit Card ကို ထုတ်ဝေနေသော ကုမ္ပဏီ တစ်ခုအဖြစ် ရပ်တည်နေပြီး ပေါင်းစည်းဆက်နွယ်ထားသော ကုမ္ပဏီပေါင်း ၁၈၀ ပါဝင်ဖွဲ့စည်းထားသည့် ဦးပိုင် holding ကုမ္ပဏီ တစ်ခုလည်း ဖြစ်ပါသည်။ ဂျပန်နိုင်ငံ တွင်သာမက အရှေ့တောင်အာရှ နှင့်တရုတ်နိုင်ငံ တွင်လည်း ရင်းနှီးမြှုပ်နှံလျှက် စီးပွားရေးလုပ်ငန်းများနှင့် ငွေရေးကြေးရေး လုပ်ငန်းများအား လုပ်ကိုင်လျှက် ရှိပါသည်။

AEON Microfinance (Myanmar) အကြောင်း

ကုမ္ပဏီ၏ အကျဉ်းချုပ်

Company Name AEON MICROFINANCE (MYANMAR) COMPANY LIMITED
Establishment 2 November, 2012
Capital Stock MMK 17,021,811,000
Office Unit Suite No. (02-06), Union Financial Centre (UFC), Corner of Mahabandoola Road and Thein Phyu Road and 45th Street, Botahtaung Township, Yangon.
Directors Managing Director      : Ms. Mya Htay Tin
Non-Executive Director: Mr. Yuta Nakagawa
Audit Committees Ms. Mya Htay Tin
Mr. Yuta Nakagawa
Ms. Thanda Khin