X

NearMe တွင် AEON ချေးငွေပြန်လည်ပေးသွင်းပုံ အဆင့်ဆင့်

၁။ NearMe App ထဲသို့ဝင်၍ E-SERVICE ကိုနှိပ်ပါ။

၂။ ထို့နောက် LOAN ကိုနှိပ်ပါ။

၃။ AEON Microfinance Logo ကိုနှိပ်ပါ။

၄။ လူကြီးမင်း၏ ချေးငွေလျှောက်ရာတွင် ရရှိထားသော Agreement Number ၏ နောက်ဆုံးနံပါတ် ၄လုံးနှင့် Registered ပြုလုပ်ထားသော ဖုန်းနံပါတ်တို့ကို ပြည့်စုံစွာ ဖြည့်သွင်းပြီး INQUIRY TO PAY ကိုနှိပ်ပါ။

၅။ အချက်အလက်များကိုစစ်ဆေးပြီး ပေးသွင်းရမည့်ငွေပမာဏနှင့် SMS လက်ခံလိုသော ဖုန်းနံပါတ်ကို ဖြည့်စွက်၍ Pay ကိုနှိပ်ပါ။

၆။ ပြန်လည်ပေးသွင်းရမည့် ငွေပမာဏနှင့် ဖုန်းနံပါတ်တို့ကို စစ်ဆေးပြီး CONFIRM ကို နှိပ်ပါ။

၇။ Aeon Microfinance ချေးငွေ ပြန်လည်ပေးသွင်းမှု အောင်မြင်စွာ ပြီးဆုံးသွားပါပြီ။ SMSမရောက်ရှိပါက RE-SMSကိုနှိပ်၍ပြန်လည်ရယူနိုင်ပါသည်။

၈။ ဖြည့်သွင်းထားသော ဖုန်းနံပါတ်သို့ ပုံပါအတိုင်း ချေးငွေပြန်လည်ပေးသွင်းပြီးကြောင်း မက်ဆေ့ခ်ျလေး ရရှိပါမည်။

၉။ NearMe ရှိသောဆိုင်များနှင့် POS စက် စသည်တို့မှ ပေးသွင်းပါက အထက်ပါ စလစ်ရရှိမည်ဖြစ်ပါသည်။