X
Event & News

To Prevent Covid Virus

(တက်နိုင်သမျှ အိမ်ထဲမှာနေပါ)
အလုပ်နှင့်အရေးပေါ်ကိစ္စကလွဲလို့ အပြင်မထွက်ပါနဲ့။ တက်နိုင်သမျှ အိမ်ထဲမှာနေပြီး ရောဂါမကူးစက်အောင် ကာကွယ်ပါ။

(ပါးစပ်နှင့်နှာခေါင်းစည်း Mask ကို စနစ်တကျတပ်ဆင်ပါ)
အပြင်ထွက်တဲ့အခါ (သို့) လူထူထပ်တဲ့နေရာများကို မဖြစ်မနေသွားရလျှင် Mask ကိုစနစ်တကျဝတ်ဆင်ပါ။ Mask ကိုတပ်စဉ်ထားစဉ် လက်ဖြင့်လုံးဝမကိုင်ပါနဲ့။ အနောက်ဖက်ကြိုးကိုသာ ကိုင်တွယ်ပြီးဖယ်ပါ။ စနစ်တကျ အမှိုက်ပုံးထဲသို့ စွန့်ပစ်ပါ။ Mask ကိုကိုင်ပြီး လက်ကို စနစ်တကျဆေးကြောပါ။

ဗိုင်းရပ်စ်က အဓိကအားဖြင့် လက်ကတစ်ဆင့် ကူးစက်နိုင်တာကြောင့် အများသုံးပစ္စည်းတွေ ကိုင်တွယ်ပြီးတိုင်း၊ အစားအစာများ ကိုင်တွယ်ချက်ပြုတ်မှုမပြုခင်၊ အစာမစားမှီနှင့် အညစ်အကြေးစွန့်ပြီးတိုင်း ဆပ်ပြာနှင့်ရေ (သို့မဟုတ်) အယ်ကိုဟောလ် အနည်းဆုံး (၆၀ % ပါဝင်တဲ့ လက်သန့်ဆေးရေ) ကိုအသုံးပြုပြီး အနည်းဆုံး စက္ကန့် (၂၀) ကြာအောင်ဆေးကြောပါ။

လက်မဆေးဘဲ မျက်စိ၊ ပါးစပ်၊ နှာခေါင်းတို့ကို မကိုင်ပါနှင့်။

(လူစုလူဝေးနေရာများကို သွားလာခြင်းကိုရှောင်ကြဉ်ပါ)
လူစုလူဝေးနှင့် လူနေထူထပ်သော နေရာများကို သွားလာခြင်းမှ ရှောင်ကြဉ်ပါ။ တစ်ယောက်နှင့်တစ်ယောက် အနည်းဆုံး (6ပေ) အကွာမှာနေပါ။ မဖြစ်မနေအပြင်သွားရလျှင် Mask တပ်ပါ။ ဖြစ်နိုင်ရင် အိမ်မှာနေပါ။

နေ့စဉ်အသုံးပြုလေ့ရှိတဲ့ ဖုန်း၊ မျက်မှန် အစရှိတဲ့အရာဝတ္ထုတွေကို ပိုးသတ်ပြီးမှ အသုံးပြုပါ။

(ချောင်းဆိုး၊ နှာချေတိုင်း ပါးစပ်နှင့်နှာခေါင်းကို လုံခြုံစွာဖုံးအုပ်ပါ)
နှာချေ၊ ချောင်းဆိုးတိုင်း နှာခေါင်းနှင့်ပါးစပ်ကို တစ်ခါသုံးတစ်ရှူး (သို့မဟုတ်) တံတောင်ကွေးဖြင့် လုံခြုံအောင်ဖုံးအုပ်ပါ။ အသုံးပြုပြီးသား တစ်ရှူးကို အမှိုက်ပုံးထဲသို့ စနစ်တကျ စွန့်ပစ်ပါ။

ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အားအင်ကုန်ခမ်းခြင်း စတဲ့ရောဂါ လက္ခဏာများဖြစ်ပေါ်လာပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ အမြန်ဆုံးသတင်းပို့ပြီး ကုသမှုခံယူပါ။ သို့မှသာလျှင် မိမိရဲ့ပတ်ဝန်းကျင် ၊ ရပ်ရွာ၊ မိသားစုကို ရောဂါမကူးစက်အောင် ကာကွယ်နိုင်မည်ဖြစ်သည်။