X
Event & News

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း၊ ပုလဲကွန်ဒို Aeon Microfinance (Myanmar) Co., Ltd. ရှိ ဝန်ထမ်းတစ်ဦးတွင် COVID-19 ရောဂါပိုးစစ်ဆေးတွေ့ရှိကြောင်း အတည်ပြုချက်ထုတ်ပြန်မှု

၁။ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း၊ ပုလဲကွန်ဒို၊ AEON Microfinance(Myanmar) ကုမ္ပဏီတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းတစ်ဦးတွင် Covid-19ရောဂါပိုး စစ်ဆေးတွေ့ရှိကြောင်း ဒလဆေးရုံ မှတဆင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ (၂၇.၉.၂၀၂၀) ရက်နေ့ထုတ်ပြန်သည့် ရောဂါဓာတ်ခွဲစစ်ဆေးမှု အဖြေအရ အတည်ပြုခဲ့ပါသည်။ အဆိုပါဝန်ထမ်းသည်ကုမ္ပဏီ၏ Covid-19 ရောဂါပြန့်ပွားထိန်းချုပ်မှု အစီအစဉ်အရ (၅.၉.၂၀၂၀) မှစတင်၍ အိမ်တွင်နေထိုင်၍ အလုပ်လုပ်စေခြင်း (Work From Home) အနေဖြင့်ရှိခဲ့ပါသည်။ အဆိုပါ ဝန်ထမ်းသည် Customers များနှင့်ထိတွေ့ရန်မလိုအပ်သောဌာနတွင် တာဝန်ထမ်းဆောင်ရသူတစ်ဦး ဖြစ်ပါသည်။

၂။ AEON Microfinance (Myanmar) အနေဖြင့် အဆိုပါဝန်ထမ်းနှင့်လုပ်ငန်းခွင်တွင် အနီးကပ်ထိတွေ့ဆက်ဆံမှု ရှိသောသူများအားလုံးကို စုံစမ်းရှာဖွေခဲ့ပါသည်။ ထိုသို့ရှာဖွေရှာတွင် (၂၇.၉.၂၀၂၀) ရက်နေ့အထိ Covid-19 ရောဂါ လက္ခဏာပြသသော အခြားဝန်ထမ်းများမရှိခဲ့ပါ။ သို့သော် ကျွန်ုပ်တို့သည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန နှင့်အတူ ထိတွေ့မှုခြေရာခံခြင်း (Contact Tracing) အစီအစဉ်ကို ပူးပေါင်းကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး မိမိတို့ဝန်ထမ်းပြန်လည်ကောင်းမွန်လာလည်အထိ ကူညီထောက်ပံ့မှုများပြုလုပ်ပေးသွားမည်ဖြစ်ပါသည်။

၃။ ကျွန်ုပ်တို့ AEON Microfinance (Myanmar) အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန် ချက်နှင့်အညီ ကျွန်ုပ်တို့၏ Customerများ၊ မိတ်ဖက်များ နှင့်ဝန်ထမ်းများဘေးကင်းလုံခြုံရေးအတွက် ကြိုတင်ကာကွယ်တားဆီး ထိန်းချုပ်ရေးလုပ်ငန်းစဉ်များကို တိကျစွာလိုက်နာဆောင်ရွက်လျှက်ရှိပါသည်။ ယင်းအစီအစဉ် များတွင် ၂၀၂ဝ ဖေဖော်ဝါရီလ မှစတင်၍ ဝန်ထမ်းများအားလုံးအား Mask, လက်အိတ်, Face Shields များ၊ လက်သန့်ဆေးရည်များထား ရှိအသုံးပြုစေခြင်းအပြင် Counter Shield များကိုတပ်ဆင်၍ ကျွန်ုပ်တို့၏ ကောင်တာများသို့ လာရောက်သော Customerများကို Social Distancing နှင့်အညီ ဝန်ဆောင်မှုပေး၍ အပူချိန်တိုင်းခြင်း၊ Mask များဝတ်ဆင်စေခြင်းနှင့် လက်သန့်ဆေးရည်များကိုလည်း အသုံးပြုစေခဲ့ပါသည်။

၄။ AEON Microfinance (Myanmar) အနေဖြင့် မိမိ၏ဝန်ထမ်းများနှင့် Customerများ၏ ကျန်းမာရေးနှင့်လုံခြုံမှု ရှိစေရေးသည် အဓိကဦးစားပေးဖြစ်ပါသည်။ ကျွန်ုပ်တို့သည်နိုင်ငံတော် အစိုးရနှင့်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ကြိုတင်ကာကွယ်တားဆီးထိန်းချုပ်ရေးလုပ်ငန်းစဉ်များကို ဆက်လက်လိုက်နာ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ဤကာလအတွင်း ကြိုတင်ကာကွယ်မှုများ အနေဖြင့် ကျွန်ုပ်တို့၏ Call Center များကိုပိတ်ထားမည်ဖြစ်ပါသဖြင့် စုံစမ်းမေးမြန်းမှုများအတွက် AEON Mobile Application မှတဆင့် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

AEON Microfinance (Myanmar) Co., Ltd.