X
×

Error

[sigplus] Critical error: Insufficient file system permissions to create the folder root/cache/preview.

[sigplus] Critical error: Insufficient file system permissions to create the folder root/cache/preview.

သတင်းအချက်အလက်

AEON 1% Club မှ မြန်မာနိုင်ငံ ရေဘေးသင့်ဒေသများအတွက် လှူဒါန်းခြင်း

၂၀၁၅ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့တွင် AEON 1% Club ကိုယ်စား အီရွန်မိုက်ခရိုဖိုင်းနက်စ် (မြန်မာ) ကုမ္ပဏီ လီမိတက် နှင့် အီရွန်ကုမ္ပဏီလီမိတက် (မြန်မာနိုင်ငံ) ကိုယ်စားလှယ်ရုံး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် တို့ ပူးပေါင်း၍ အမေရိကန်ဒေါ်လာ ၂၀,၀၀၀ အား ရေဘေးသင့်နေသော ဒေသများသို့ ထောက်ပံ့ပေးခဲ့ပါသည်။

ဇူလိုင်လအတွင်းက ဒေသအလိုက် ပြင်းထန်စွာရွာသွန်းခဲ့သောမိုးကြောင့် မြန်မာနိုင်ငံနှင့်တစ်ဝှမ်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး တိုင်းဒေသကြီး ၁၁ ခုရေလွှမ်းမိုးခဲ့ပါသည်။ ထိုရေလွှမ်းမိုးမှုကြောင့် မြောက်ဖျားပိုင်းဒေသရှို လူ ၁၀၀ ကျော်သေဆုံးပြီး လူပေါင်း ၁ သန်းကျော် ထိခိုက်ခံစားခဲ့ကြရပါသည်။ ဤဘေးအန္တရာယ်ကြောင့် အနီးအနားရှိ မြစ်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး အစားအစာ၊ဆေးဝါးနဲ့ အထွေထွေလိုအပ်မှုများ မြင့်မားလျှက်ရှိပါသည်။

AEON 1% Club သည် ၂၀၁၃ ခုနှစ်မှစ၍ မြန်မာနိုင်ငံရှိ ကျောင်းများတည်ဆောက်နိုင်ရေးတွင် ထောက်ပံ့ပေးခဲ့ပြီး ကျောင်းပေါင်း ၃၅ ကျောင်းတည်ဆောက်ပေးခဲ့ပြီး ဖြစ်ပါသည်။ ဤဘေးအန္တရာယ်ကြောင့် ကျောင်းသူကျောင်းသားများဟာရေဘေးဒုက္ခကိုခံစားနေရပြီးလက်ရှိတွင်လည်းယာယီကယ်ဆယ်ရေးစခန်းများတွင် နေထိုင်နေကြရပါသည်။

{gallery}savemyan1{/gallery}