[sigplus] Critical error: Insufficient file system permissions to create the folder root/cache/preview.
သတင်းအချက်အလက်များ
၂၀၁၆၏ ဆယ်ကျော်သက်လူငယ်များသံတမန်အစီအစဉ်
ဆယ်ကျော်သက်လူငယ်များ ပညာသင်ဆုအစီအစဉ်သည် မတူညီသော ယဉ်ကျေးမှုမှတစ်ဆင့် တစ်ဦးနှင့် တစ်ဦး အပြန်အလှန်နားလည်မှုနှင့် ခင်မင်မှုစိတ်ဓါတ်များကို ပျိုးထောင်နိုင်စေရန် ကူညီစေပါသည်။ ဂျပန်နိုင်ငံ နှင့် မြန်မာနိုင်ငံ နှစ်နိုင်ငံကြား အပြန်အလှန် ယဉ်ကျေးမှု ဖလှယ်သည့် အစီအစဉ်သည် ယခုနှစ်ဆိုလျှင် ဒုတိယအကြိမ်မြောက်ဖြစ်ပါသည်။ယခုအကြိမ်တွင် Hokkaido Noboribetsu Akebi အလယ်တန်းကျောင်းနှင့် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ဒဂုံမြို့နယ်မှ ကျောင်းသား၊ ကျောင်းသူများမှာ ယဉ်ကျေးမှုဖလှယ်ရန် အခွင့်အရေးရရှိကြမည်ဖြစ်ပါသည်။
ဂျပန်နိုင်ငံ နှင့် မြန်မာနိုင်ငံ မှ ဆယ်ကျော်သက်ကျောင်းသား သံတမန်များ (နိုဝင်ဘာလ (၁) ရက် မှ (၆) ရက်ထိ)
ဂျပန်နိုင်ငံမှ ကျောင်းသားကျောင်းသူ (၁၆) ယောက်သည် နိုဝင်ဘာလတွင် မြန်မာမိသားစုများနှင့် အတူနေထိုင်ကြမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ ကျောင်းသားကျောင်းသူ (၁၆) ယောက်မှာ ဖေဖော်ဝါရီလတွင် ဂျပန်မိသားစုများနှင့် နေထိုင်မည်ဖြစ်သည်။
{gallery}teenage-ambassador-program-2016{/gallery}

