[sigplus] Critical error: Insufficient file system permissions to create the folder root/cache/preview.
Event & News
AEON 1% Club Foundation ၏ ပညာသင်ဆု ချီးမြှင့်မှု အစီအစဉ်
ဒီဇင်ဘာလ ၁၁ ရက်နေ့ ၂၀၁၇ (တနင်္လာနေ့) တွင် AEON 1% Club Foundation မှ ရန်ကုန် စီးပွားရေးတက္ကသိုလ် နှင့် ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ် များတွင် ပညာသင်ကြားနေသည့် ထူးချွန်ထက်မြက်သည့် ကျောင်းသား၊ကျောင်းသူများအတွက် ရည်ရွယ်၍ ပညာသင်စရိတ်ထောက်ပံ့ခြင်း များကိုလည်း ပြုလုပ်ပေးခဲ့ပါသည်။ AEON ပညာသင်စရိတ် ဆိုသည်မှာ အာရှနိုင်ငံများရှိ တက္ကသိုလ်ကျောင်းသား ကျောင်းသူ များ နှင့် ဂျပန်နိုင်ငံတွင် ပညာသင် ကြားနေသော အာရှကျောင်းသားကျောင်းသူများ အတွက် ဆုကြေးငွေပေးအပ် ထောက်ပံ့မှုအစီအစဉ်ဖြစ်သည်။
ဤပညာသင်စရိတ် ထောက်ပံ့မှုအစီအစဉ်သည် ၂၀၀၆ ခုနှစ်တွင် စတင်ခဲ့ပြီး ပါဝင်သူများအားလုံး အနေဖြင့် မိမိတို့ ၏ သက်ဆိုင်ရာနိုင်ငံ တိုးတက်ပြောင်းလဲမှုကို ၎င်းတို့ကျွှမ်းကျင်ရာအခန်းဏ္ဍအသီးသီးမှ အထောက်အကူဖြစ်စေမှာဖြစ်သလို ဂျပန် နိုင်ငံ နှင့်လည်း ချစ်ကြည်ရေး ပိုမိုတိုးတက်ကောင်းမွန်စေရန် ရည်ရွယ်ပါသည်။ ထို့အပြင် ဂျပန်နိုင်ငံ တွင် ပညာသင်ကြား လျှက်ရှိသော ပညာသင်ထောက်ပံ့ကြေးရရှိနှေကြသည့် ကျောင်းသူ၊ကျောင်းသားများ နိုင်ငံတကာအရည်အသွေးတိုးတက်စေရန်ရည်ရွှယ်ကာ နှစ်အလိုက် ငွေကြေးထောက်ပံ့မှု အစီအစဉ်နှင့် လေ့ကျင့်ပျိုးထောင်မှုအစီစဉ်အား ဆောင်ရွက်လျှက်ရှိပါသည်။
ပညာသင်ဆု ပေးအပ်ခြင်း အခမ်းအနား များအား သက်ဆိုင်ရာ နိုင်ငံအသီးသီးတွင်ကျင်းပရာတွင် ဆုရရှိသူများက သူတို့ဖြစ်ချင်သည့် ရည်မှန်းချက်များ အား မိန့်ခွန်းပြောကြား ကြပါသည်။
{gallery}scholarship2017{/gallery}

