X
Event & News

AEON donated for Myanmar Flood Disaster

၂ဝ၁၈ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့တွင် AEON Orange Company Limited, AEON Microfinance (Myanmar) Co., ltd, AEON Thana Sinsap (Thailand) PLC., နှင့် AEON 1% Club တို့မှ စုစုပေါင်းလှူဒါန်းငွေ USD 34,000 အား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းသို့ ဘေးအန္တရာယ်ကျရောက်နေသော ရေဘေးဒုက္ခသည်များအတွက် လှူဒါန်းခဲ့ပါသည်။

ဂျူလိုင်လတွင် ဖြစ်ပေါ်သောမုတ်သုံရာသီကြောင့် ရေကြီးရေလျှံသောဒေသများတွင် ယာယီရွက်ဖျင်တဲသို့ ပြောင်းရွှေ့နေထိုင်ရသော လူဦးရေ တစ်သိန်းခွဲရှိခဲ့ပါသည်။ အဓိကအားဖြင့် တောင်ဘက်ဒေသများတွင် ရေကြီးမှုကြောင့် ပျက်ဆီးနေသော ဘုရားပုထိုးများနှင့် ယာယီရွက်ဖျင်တဲဖြင့်နေထိုင်သော လူပေါင်းများစွာ ရှိခဲ့ပါသည်။

Aeon Orange Company Limited နှင့် Company ဝန်ထမ်းများမှ လှူဒါန်ငွေ ဒေါ်လာ 2000၊ Aeon Microfinance(Myanamr) Co.,LtD နှင့် Company ဝန်ထမ်းများမှ လှူဒါန်းငွေ ဒေါ်လာ 2000၊ Aeon Thana Sinsap (Thailand) PLC မှ လှူဒါန်းငွေ ဒေါ်လာ 10,000 နှင့် Aeon 1% club မှ လှူဒါန်းငွေ ဒေါ်လာ 20,000 စုစုပေါင်း ဒေါ်လာ (34,000) လှူဒါန်းခဲ့သည်။

ကျွနု်ပ်တို့ AEON မှလှူဒါန်းမှုသည် ရေဘေးအန္တရာယ်ကျရောက်သော ဒေသမှ လူအများအပြား မကြာမီ အချိန်အတွင်း ပြန်လည်ကောင်းမွန်လာစေရေးအတွက် အထောက်အပံ့တစ်ခု ဖြစ်လိမ့်မည်ပာု မျှော်လင့် ပါသည်။