X
သတင်းအချက်အလက်

AEON 1% Club ၏ ကျောင်းဆောင်သစ်ဖွင့်လှစ်လှူဒါန်းခြင်းအခမ်းအနား, 2015 27 Mar

၂၀၁၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် AEON 1% Club နှင် UNICEF တို့မှ ပူးပေါင်း၍ ရန်ကုန်မြို့၊အမှတ် (၄၂) အခြေခံမူလတန်းကျောင်း၊ လှိုင်သာယာမြို့ နယ် ၊တိုးချဲ့ကျောင်းဆောင်သစ် ကို ဆောက်လုပ်လှူဒါန်း ပြီးမြောက် ခဲ့ပြီးဖြစ်ပါသည်။

ထို့အတူ၂၀၁၅ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင်လည်း ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ် တွင် AEON 1% Club Foundation မှလှူဒါန်းသော”ခရေကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနား” အား အောင်မြင်စွာပြီးမြောက်ဖွင့်လှစ်ခဲ့ပါ သည်။

၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံ အနှံ့အပြားတွင် စုစုပေါင်းကျောင်းဆောင်သစ်(၃၅) ကျောင်းအား AEON 1% Club မှဦးစီး၍ ဆောက်လုပ်ခဲ့ပြီး ဖြစ်ပါသည်။