၀၁၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် AEON 1% Club နှင် UNICEF တို့မှ ပူးပေါင်း၍ ရန်ကုန်မြို့၊အမှတ် (၄၂) အခြေခံမူလတန်းကျောင်း၊ လှိုင်သာယာမြို့ နယ် ၊တိုးချဲ့ကျောင်းဆောင်သစ် ကို ဆောက်လုပ်လှူဒါန်း ပြီးမြောက် ခဲ့ပြီးဖြစ်ပါသည်။
၂၀၁၄ ခုနှစ်မှစတင်၍ ရန်ကုန် စီးပွားရေးတက္ကသိုလ် နှင့် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်များတွင် ပညာသင်ကြားနေသည့် ထူးချွန်ထက်မြက်သည့် ကျေင်းသား၊ကျောင်းသူ များ အတွက် ရည်ရွယ် ၍ ပညာသင်စရိတ်ထောက်ပံခြင်း များကိုလည်း ပြုလုပ် ပေးခဲ့ ပါသည်။
၂၀၁၄ ခုနှစ် ဂျူလိုင်လ ၂၀ ရက်နေ့တွင် AEON Environment မှ မြန်မာနိုင်ငံရှိ စေတနာ့ဝန်ထမ်း အယောက် ၆၃၀ နှင့် ဂျပန်နိုင်ငံမှ အယောက် ၄၃၀ ပူးပေါင်း၍ တိုက်ကြီးမြို့နယ်ရှိ ဖြူးကြီး ရေလှောင်ကန် တွင် စုစုပေါင်း သစ်ပင် ၈,၀၀၀ ကျော် စိုက်ပျိုးခဲ့ပါသည်။
အီရွန် Customer များ လစဉ်ငွေပြန်လည်ပေးသွင်းမှုအတွက် အဆင်ပြေချောမွေ.စေရန် ၂၀၁၅ ခုနှစ် ဇန်နဝါရီလ (၅) ရက်နေ့မှစတင်၍ မြန်မာနိုင်ငံရှိ ထိပ်သီးဘဏ်များထဲမှ တစ်ခုဖြစ်သော အာရှစိမ်းလန်းဖွံဖြိုးမှုဘဏ် တွင် လည်း ပြန်လည်ပေးသွင်းမှု လမ်းကြောင်းအသစ်အဖြစ် တိုးချဲ့ခဲ့ပါသည်။
အီရွန်ချေးငွေပြန်လည်ပေးဆပ်မှုအဆင်ပြေချောမွေ.စေရန်အတွက် ၂၀၁၅ ခုနှစ် ဇွန်လ (၄) ရက်နေ့မှစတင်ပြီး ရန်ကုန်တိုင်း (၄၄) မြို.နယ်ရှိ မည်သည့်ကမ္ဘောဇဘဏ်ခွဲမှမဆို ချေးငွေပြန်လည်ပေးသွင်း နိုင်ပါကြောင်း အသိပေးအပ်ပါသည်။
၂၀၁၅ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့တွင် AEON 1% Club ကိုယ်စား အီရွန်မိုက်ခရိုဖိုင်းနက်စ် (မြန်မာ) ကုမ္ပဏီ လီမိတက် နှင့် အီရွန်ကုမ္ပဏီလီမိတက် (မြန်မာနိုင်ငံ) ကိုယ်စားလှယ်ရုံးတို့ ပူးပေါင်း၍ အမေရိကန်ဒေါ်လာ ၂၀,၀၀၀ အား ရေဘေးသင့်နေသော ဒေသများသို့ ထောက်ပံ့ပေးခဲ့ပါသည်။
ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် AEON 1% Club မှ ရန်ကုန် စီးပွားရေးတက္ကသိုလ် နှင့် ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ် များတွင် ပညာသင်ကြားနေသည့် ထူးချွန်ထက်မြက်သည့် ကျောင်းသား၊ကျောင်းသူများအတွက်
၂၀၁၅ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့တွင် AEON 1% Club မှ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၌ ရွှေသပြေ အခြေခံပညာမူလတန်းကျောင်း၊ ငုဝါ အခြေခံပညာမူလတန်းကျောင်း၊ ရွှေပုန်းညက် အခြေခံပညာမူလတန်းကျောင်း တို့အား ဆောက်လုပ်လှူဒါန်း ပြီးမြောက်ခဲ့ပြီး ဖြစ်ပါသည်။
အီရွန် Customer များ လစဉ် ချေးငွေပြန်လည်ပေးသွင်းမှုအဆင်ပြေချောမွေ့စေရန်အတွက် ဧရာဝတီဘဏ်မှ Mobile Banking နှင့် Internet Banking စနစ်ကို စတင်မိတ်ဆက်လိုက်ပါပြီ။
၂၀၁၅ ခုနှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲကျင်းပမည်ဖြစ်ပါသဖြင့် AEON Microfinance (Myanmar) Co.,Ltd. ၏ တိုက်ရိုက်ခေါ်ဆိုနိုင်မှုလိုင်းများအား နိုဝင်ဘာလ (၈) ရက် နေ့တွင် ခေတ္တရပ်နားထားမည်ဖြစ်ကြောင်း လေးစားစွာအသိပေးအကြောင်းကြားအပ်ပါသည်။