X
သတင်းအချက်အလက်

သစ်ပင်စိုက်ပျိုးခြင်း - ဇူလိုင် ၂၀၁၅

  • ၂၀၁၃ ခုနှစ်မှ စတင်ပြီး AEON သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဖောင်ဒေးရှင်းနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်း၍ သစ်ပင်စိုက်ပျိုးရေး ၃ နှစ်တာ စီမံကိန်းကြီးအား အဓိက ရေအရင်းအမြစ်ဖြစ်သော ဖြူးကြီးရေလှောင်ကန် ပတ်ဝန်းကျင်ဒေသ အနီးတစ်ဝိုက်တွင် သစ်တောများ ပြန်လည်ပြုပြင်ထိန်းသိမ်းရေးနှင့် ရေအရင်းအမြစ် ပြန်လည်သိုလှောင်ရေးအလို့ငှာ ၂၀၁၃ မှ စတင်၍ ၂၀၁၅ ခုနှစ်အတွင်း သစ်ပင်များ စိုက်ပျိုးခဲ့ကြပါသည်။
  • ဤ ၃ နှစ်တာစီမံကိန်းကြီး၏ နောက်ဆုံးနှစ်အား ၂၀၁၅ ခုနှစ် ဇူလိုင်လ (၁၈) ရက်နေ့တွင် ဂျပန်နိုင်ငံ မှ ဧည့်သည် ၃၀၀ ၊ မြန်မာနိုင်ငံ ဝန်ကြီးဌာနမှ အရာရှိများ ၊ ဝန်ထမ်းများ ၊ ပညာတော်သင် ကျောင်းသား ကျောင်းသူများ ၊ အီရွန်မိုက်ခရိုဖိုင်းနက်စ်မြန်မာ မှ ဝန်ထမ်းများ ၊ စေတနာ့ဝန်ထမ်းများ စုစုပေါင်း ၇၀၀ ပူးပေါင်းပါဝင်၍ စိုက်ပျိုးခဲ့ကြပါသည်။
  • ထို့အပြင် AEON သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဖောင်ဒေးရှင်းနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း သစ်ပင်စိုက်ပျိုးရေး စီမံကိန်းအား ၃ နှစ်ထပ်မံ တိုးချဲ့ရန် သဘောတူညီမှု ရရှိခဲ့ပါသည်။