X
သတင်းအချက်အလက်

တရားမဝင် ကိုယ်စားလှယ်နှင့် လျှောက်လွှာ အတုအပများအား Customerများ အထူးသတိပြုရန်။

AEON အသေးစားချေးငွေဝန်ဆောင်မှုအား AEON Microfinance(Myanmar)Co.,Ltd လက်ရှိအကျိုးတူပူးပေါင်းထားသော Agent ဆိုင်များမှအပမည်သည့်ကိုယ်စားလှယ်တစ်စုံတစ်ဦးကိုမျှ အခကြေးငွေယူ၍တစ်ဆင့်ဝန်မှုပေးထားခြင်းမရှိကြောင်း AEON ချေးငွေလျှောက်ထားသူများသိစေရန် အကြောင်းကြားအပ်ပါသည်။ ထိုကိုယ်စားလှယ် များအနေဖြင့် customer များချေးငွေလျှောက်ထားမှု တွင်တရားမဝင်၊ မမှန်မကန်နည်းလမ်း များဖြင့်ဆောင်ရွက် ပေးနိုင်ပါသည်။ အကယ်၍ လျှောက်ထားသူများနှင့် Agent ဘက်မှ ထိုသို့ကိစ္စရပ်များတွေ့ရှိခဲ့ပါက AEON Hotline 01 8604201-4 သို့ခေါ်ဆို၍သော်လည်းကောင်း၊ ကုမ္ပဏီဝက်ဘ်ဆိုဒ်မှတဆင့်စာပို့၍သော်လည်ကောင်း၊ csinfo@aeoncredit.com.mm သို့အီးမေးလ်ပို့၍ အကြောင်းကြားနိုင်ပါသည်။

လျှောက်ထားသူများ အနေဖြင့် AEON ဝန်ဆောင်မှုရရှိနိုင်မည့် တရားဝင် Agent များမှ စာရွက်စာတမ်းပြည့်စုံစွာဖြင့် လျှောက်ထားနိုင်ပါသည်။ချေးငွေလျှောက်ထားရာတွင် ပူးတွဲ တင်ပြရသော စာရွက်စာတမ်းများအား အတုပြုလုပ်ခြင်း မမှန်မကန်တင်ပြခြင်း၊ သက်ဆိုင်သူများ၏ ခွင့်ပြုချက်မရရှိဘဲသုံးစွဲခြင်း၊ အခြားသူအတွက် ကိုယ်စားလျှောက်ပေးခြင်းများအား တွေ.ရှိပါက မြန်မာနိုင်ငံ တည်ဆဲ ဥပဒေများနှင့်အညီ အရေးယူခြင်း ခံရပါမည်။

AEON Microfinance(Myanmar)Co., Ltd.