X
ချေးငွေလျှောက်ထားမှုနည်းလမ်း

အီရွန်ဝန်ဆောင်မှု ရရှိနိုင်သော နေရာများမှ တစ်ဆင့် လျှောက်ထားခြင်း

မှတ်ချက်။ ။တရားမဝင် ကိုယ်စားလှယ်နှင့် လျှောက်လွှာ အတုအပများအား Customerများ အထူးသတိပြုရန်။

AEON အသေးစားချေးငွေ ဝန်ဆောင်မှုအား AEON Microfinance (Myanmar)Co., Ltd. လက်ရှိ အကျိုးတူ ပူးပေါင်းထားသော Agent ဆိုင်များမှအပ မည်သည့် ကိုယ်စားလှယ်တစ်စုံတစ်ဦး ကိုမျှ အခကြေးငွေယူ၍ တစ်ဆင့်ဝန် ဆောင်မှုပေးထားခြင်း မရှိကြောင်း AEON ချေးငွေ လျှောက်ထားသူများ သိစေရန် အကြောင်းကြား အပ်ပါသည်။ ကိုယ်စားလှယ်များအနေဖြင့် customer များချေးငွေ လျှောက်ထားမှု တွင်တရားမဝင်၊ မမှန်မကန်နည်းလမ်းများဖြင့် ဆောင်ရွက်ပေးနိုင်ပါသည်။ အကယ်၍ လျှောက်ထားသူများနှင့် Agent ဘက်မှ ထိုသို့ ကိစ္စရပ်များ တွေ့ရှိခဲ့ပါက AEON Hotline 09-969 712 111 သို့ခေါ်ဆို၍ သော်လည်းကောင်း၊ ကုမ္ပဏီ ဝက်ဘ်ဆိုဒ်မှတဆင့် စာပို့၍ သော်လည်ကောင်း၊ csinfo@aeoncredit.com.mm သို့အီးမေးလ်ပို့၍ အကြောင်းကြားနိုင်ပါသည်။

လျှောက်ထားသူများ အနေဖြင့် AEON ဝန်ဆောင်မှု ရရှိနိုင်မည့် တရားဝင် Agent များမှ စာရွက် စာတမ်းပြည့်စုံစွာဖြင့် လျှောက်ထားနိုင် ပါသည်။ ချေးငွေ လျှောက်ထား ရာတွင် ပူးတွဲ တင်ပြရသော စာရွက်စာတမ်း များအား အတုပြုလုပ်ခြင်း မမှန်မကန် တင်ပြခြင်း၊ သက်ဆိုင် သူများ၏ ခွင့်ပြုချက် မရရှိဘဲ သုံးစွဲခြင်း၊ အခြားသူ အတွက် ကိုယ်စား
လျှောက်ပေးခြင်းများအား တွေ.ရှိပါက မြန်မာနိုင်ငံ တည်ဆဲ ဥပဒေများနှင့်အညီ အရေးယူခြင်း ခံရပါမည်။

  • Customer များသည် လိုအပ်သော စာရွက်စာတမ်းများ နှင့် အတူ အီရွန်ဝန်ဆောင်မှု ရရှိနိုင်သော နေရာများမှ တစ်ဆင့် လျှောက်ထားနိုင်ပါသည်။
    အသေးစိတ်သိရှိလိုပါက ဤနေရာသို့ click နှိပ်ပါ
  • ထိုစာရွက်စာတမ်းများအား ချေးငွေခွင့်ပြုချက်ကျရန် အီရွန်မှ ပြန်လည်စစ်ဆေးမည်။
ချေးငွေလျှောက်ထားမှုနည်းလမ်း

အီရွန်ကောင်တာမှတစ်ဆင့် လျှောက်ထားခြင်း

လိပ်စာ: အခန်းအမှတ်(212)၊အဆောင်(D)ဒုတိယထပ်၊ ပုလဲကွန်ဒို၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

ရုံးချိန်: မနက် ၉ နာရီ မှ ညနေ ၅:၃၀ နာရီ အတွင်း (တနင်္လာ မှ စနေ)