[sigplus] Critical error: Insufficient file system permissions to create the folder root/cache/preview.
Event & News
မြန်မာနိုင်ငံ ရေဘေးကယ်ဆယ်ရေးအတွက် အရေးပေါ်ငွေကြေးထောက်ပံ့ လှူဒါန်းခြင်း
၂ဝ၁၉ ခုနှစ် သြဂုတ်လ (၃၁) ရက်နေ့ (စနေနေ့) တွင် AEON ORANGE COMPANY LIMITED, AEON MICROFINANCE (MYANMAR) CO., LTD နှင့် AEON Thana Sinsap (Thailand) PLC တို့ စုပေါင်း၍လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသို့ ဘေးအန္တရာယ်ကျရောက်နေသော ရေဘေးဒုက္ခသည်များအတွက် အရေးပေါ် ရေဘေးကယ်ဆယ်ရေး ငွေကြေးကူညီထောက်ပံ့ လှူဒါန်းမှုများ ပြုလုပ်ခဲ့ပါသည်။
မြန်မာနိုင်ငံတွင် သြဂုတ်လအတွင်း မုတ်သုန်ရာသီဥတု၏ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးခြင်းနှင့် မြေပြိုခြင်းများသည် နိုင်ငံ၏ နေရာတော်တော်များများတွင်ဖြစ်ပွားခဲ့ပြီး သြဂုတ်လ (၂၂) ရက်နေ့ သတင်းအရ လူပေါင်း ၈၀၀၀၀ ခန့်သည် ကယ်ဆယ်ရေးစခန်းပေါင်း (၁၆၀) ကျော်သို့ ပြောင်းရွေ့နေထိုင်ခဲ့ရပါသည်။ အထူးသဖြင့် မွန်ပြည်နယ်၏ အရှေ့တောင်ဘက်၌ မြေပြိုမှုများဖြစ်ပွားခဲ့ပြီး ကမ်းရိုးတန်းဒေသဖြစ်သော ရေးမြို့နယ်တွင် ယာယီထောက်ပံ့ပို့ဆောင်ရေးများ ပြတ်တောက်၍ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအား ဆက်လက်လုပ်ဆောင်လျက်ရှိပါသည်။
ဤအခြေအနေများ ပြန်လည်ကောင်းမွန်လာစေရန် ရည်ရွယ်၍ သြဂုတ်လ (၂၂)ရက်နေ့ (ကြာသာပတေးနေ့) မှ သြဂုတ်လ (၂၈)ရက်နေ့ (ဗုဒ္ဓဟူးနေ့) အထိ AEON Orange နှင့် AEON Microfinance ရုံးခန်းများ အပါအဝင် နေရာပေါင်း (၁၈)နေရာ၌ အရေးပေါ်အထောက်အပံ့ လှူဒါန်းမှုများအတွက် ကောက်ခံမှုများ ပြုလုပ်ခဲ့ပါသည်။
AEON Orange၊ AEON Microfinance၊ AEON Mall နှင့် AEON Thana Sinsap တို့မှ လှူဒါန်းသော ငွေကြေးထောက်ပံ့ငွေများ အပါအဝင် Customer များ၊ ဝန်ထမ်းများမှ လှူဒါန်းငွေ စုစုပေါင်း ဒေါ်လာ(15,000) ကို ကောက်ခံရရှိခဲ့ပါသည်။ AEON 1% Club မှလည်း ရေဘေးကယ်ဆယ်ရေး လုပ်ငန်းများအတွက် ဒေါ်လာ (20,000) ကို ထပ်မံထည့်သွင်း လှူဒါန်းခဲ့ပါသည်။
ကျွနု်ပ်တို့၏ လှူဒါန်းမှုသည် ရေဘေးအန္တရာယ်ကျရောက်နေသော ဒေသမှ လူအများအပြား မကြာမီ အချိန်အတွင်း ပြန်လည်ကောင်းမွန်လာစေရေးအတွက် အထောက်အပံ့တစ်ခု ဖြစ်လိမ့်မည်ပာု မျှော်လင့်ပါသည်။
{gallery}dmmflood19{/gallery}

