X
Event & News

ဇူလိုင် ၂၀၁၇ သစ်ပင်စိုက်ပျိုးခြင်း

ဒုတိယ သုံးနှစ် သစ်ပင် စိုက်ပျိုးရေး စီမံကိန်း၏ ဒုတိယ အကြိမ်မြောက် သစ်ပင်စိုက်ပျိုးပွဲကို AEON သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး ဖောင်ဒေးရှင်း နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့ သဘောတူထားသည့် သစ်ပင်စိုက်ပျိုးရေး စီမံကိန်းကို လှော်ကား ရေလှောင်ကန် အနီးတွင် ဇူလိုင်လ ၈ ရက် ၂၀၁၇ တွင် စိုက်ပျိုးခဲ့ပါသည်။

ယခုနှစ်တွင် သစ်ပင် ၁၃,ဝဝဝ ကို ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံမှ ဧည့်သည် ၁,၂၀ဝ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ AEON အသေးစား ငွေရေးကြေးရေး (မြန်မာ) ကုမ္ပဏီ မှ ဝန်ထမ်းများနှင့် အတူတကွ ပါဝင်စိုက်ပျိုးခဲ့ပါသည်။